" လွှတ်ပါဦး ကလေးရယ် "
ဘုန်းမောင်၏အသံကို မကြားသည့်နှယ် ရှိန်က ဘုန်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်းရင်း လှေးကားထစ်တွေကိုအမြန်တက်နေသည်။ဒါ့ကြောင့် ဘုန်းလည်း ဘာမှပြောမနေတော့ဘဲ ရှိန့်နောက်ကိုသာ အသာတကြည် လိုက်လာလိုက်တော့သည်။
" သူ့ကို့ကလေးလို့မခေါ်နဲ့၊
သူနာမည် Austin လေ၊ "
ရှိန်၏အခန်းထဲရောက်တာနဲ့ ရှိန်က တခါးကိုလော့ခ်ချလိုက်ပြီး ဘုန်းမောင်ကို မျက်မှောင်ကြုတ်ကြည့်ကာ ပြောလာသည်။
" ရှိန်လေးကလဲကွာ၊ ငါကလူတွေကို နာမည်နဲ့တွဲပြီး သိပ်မမှတ်မိဘူးလေ၊ တစ်ခါတစ်လေ ငါ့နာမည်နဲ့ငါ့ညီနာမည်တောင် ငါကမှားနေတာကို "
ဘုန်းမောင်က ပြုံးပြုံးလေးပြော၍ အခန်း၏ဝရံတာဘက်သို့ထွက်သွားလေသည်။
ဘုန်းသည်ကလေးဘဝတုန်းက ကားအက်စီးဒင့်ဖြစ်ရာမှ လန့်ပြီးဦးနှောက်၌ရှိသော မှတ်မိနိုင်စွမ်းအားတစ်ခုကိုထိသွားတာကြောင့် လူတွေကိုနာမည်နဲ့ရုပ်ကိုတွဲပြီးသေချာ သိပ်မမှတ်မိတော့ချေ။
သူ့အတွက်အရေးကြီးတဲ့သူတွေကိုသာ ရုပ်နဲ့အမည်ကိုမနည်းကြိုးစားမှတ်ယူထားရသည်ကို ရှိန်သိသည်။
ဘုန်းမောင်၏အပြောကြောင့် သူတွေဝေသွားရသည်။
ဟုတ်သည် သူဘယ်လောက်ပဲ သဝန်တိုမှုလွှမ်းသွားတယ် ဆိုပါစေ ဘုန်းမောင်၏အခြေနေကိုသူမေ့မသွားသင့်ဘူးလေ။
သို့ပေမယ့် ဘုန်းမောင်နှုတ်ခမ်းထက်က ကလေးဆိုသောနာမ်စားလေးကို ရှိန်က သူတစ်ယောက်သာအပိုင်ရချင်သည်မို့ ပြောမိလိုက်ချင်းပင်။
" လာပါဦး...
အဲ့မှာပဲ မျက်မှောင်ကြီးကြုတ်ပြီး ရပ်မနေနဲ့ "
တံခါးနား၌သာ ရပ်ကျန်နေသောရှိန့်ကို ဘုန်းမောင်က နှုတ်ခမ်းတို့ကိုလှုပ်ပြီဆိုတာနဲ့ ပေါ်လာတက်သော နှုတ်ခမ်းထက်ကအချိုင့်လေးနှစ်ခုကိုခွက်သည်ထိ ပြုံး၍လက်ရက်ခေါ်နေသည်။
ဒါ့ကြောင့် ရှိန်လည်း ဝန်ရံတာမှာချထားတဲ့ ကြိမ်ခုံတန်းရှည်လေးပေါ်၌ထိုင်နေသော ဘုန်းမောင်၏အနားသို့ ဝင်ထိုင်လိုက်လေသည်။ထို့နောက် ရှိန်က မသိလျင်ကလေးသေးသေးလေးက လူကြီးတစ်ယောက်ကို အသိပေးပြောနေသလို ဘုန်းမောင်၏အရိပ်ခြေကိုကြည့်၍ ...
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~
