ကလင် ~ ~ ~
ဆိုင်အဝင်ဝ တံခါးနားမှ မိုးပြာရောင် dreamcatcher လေးနဲ့အတူတပ်ဆင်ထားတဲ့ ခေါင်းလောင်းလေးမှ မြည်လာချင်းပေ။
" ကြိုဆိုပါ ...အယ်! ပိုင်လေး ဘယ်လိုဖြစ်လာတာလဲ..၊
မင်းပြောတော့ ဒီနေ့ရှုတင်ရှိလို့ မအားဘူးဆို""...."
" အော် ကိုရိန်မွန်း လဲပါတာပဲ..."
ပိုင်က သူ့(သုန်း)စကားကို ပြန်မဖြေသောကြောင့်၊ ပိုင့်အနောက်မှ ပါလာသော မွန်းကိုနှုတ်ဆက်စကားလည်းမမည်သော စကားဦးသမ်းလိုက်ခြင်းပေ။
" အွန်း ညီလေး၊ ကိုယ်တို့ကို Lemon Tea နှစ်ခွက် "
မွန်းက ဘယ်ဘက်နှုတ်ခမ်းနားမှ ပါးချိုင့်လေးခွက်သွားသည်ထိပြုံး၍ ပြောလာသည်။ပိုင်ကတော့ သူတို့ကိုဘာမှမပြောဘဲ ဆိုင်၏ နားနေခန်းထဲဝင်သွားလေသည်။မွန်းရဲ့ အမှာကို သုန်းကခေါင်းငြိမ့်ပြလိုက်ပြီးနောက် စကားဆက်သည်။
" ဟော .. ပိုင် စိတ်ကောက်နေပြန်ပြီ၊ မောင်ကောက်စိန်ကို
ကိုရိန်မွန်း ဘာသွားလုပ်လိုက်ပြန်ပြီလဲ"သုန်း၏ တည်ငြိမ် ငြိမ့်ရှင်းသော အသံလေးသည် အနည်းငယ် ရယ်သံစွက်နေလေသည်။
" ကိုယ် နောက်မှပဲရှင်းပြတော့မယ်၊ ခုသွားချော့ရဦးမယ် "
ထိုသို့ပြောကာ သုန်းကမ်းပေးသော Lemon Tea ဗန်းလေးကို လှမ်းယူကာ နားနေခန်းထဲဝင်သွားသည်။
သုန်း၏နားနေခန်းလေးသည် အတော်အသင့်ကျယ်သည်။အလုံပိတ်အခန်းဆိုပေမဲ့ မှန်ချပ်ကြီးတွေဖြင့်သာ ကာရံထားသည်မို့ လိုက်ကာဖွင့်ထားချိန်တွင်တော့ နေရောင်ခြည်တို့က အပြည့်အဝဖြာကျနေသည်။
ဝင်ဝင်ချင်းတွင် ဖန်စားပွဲကို ဝိုင်းရံထားသော ကြိမ်ခုံများဖြင့် စီရီသည်။ထောင့်တစ်နေရာတွင်တော့ သုန်း၏ပန်းချီဆွဲသော ပစ္စည်းကိရိယာများဖြင့် ပြည့်နက်စေသည်။မွန်း ဝင်လာသော်လည်း ပိုင်က လှည့်မကြည့်ပေ။ ဖုန်းကိုသာစိုက်ကြည့်နေပြီး လက်ချောင်းရှည်တို့က Ph screen ကိုဟိုဆွဲဒီဆွဲဖြင့်အလုပ်ရှုပ်နေပုံ။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~