" မင်းထက်!! တစ်အိမ်လုံးမီးတွေလင်းနေတာ
မင်းလိုက်ဖွင့်ထားတာလား "ခြံတံခါးလာဖွင့်ပေးတဲ့ ခြံစောင့်ဦးလေးကြီးကို
ခေါင်းတစ်ချက်ငြိမ့်ကာ နှုတ်ဆတ်ပြီးနောက် သူ့ကားဆီသို့ ဦးတည်ပြေးလာသော မင်းထက်ကို ရှိန်မေးလိုက်ခြင်းပင်။" ဟုတ်ကဲ့ အကိုလေး "
" နောက်တစ်ခါငါမဖွင့်ခိုင်းပဲ မဖွင့်နဲ့၊ ပြီးတော့..
ကားကိုမသိမ်းနဲ့အုံး ရေဆေးထားလိုက်၊
ငါ ခဏနေအပြင်ပြန်ထွက်မှာ "ရှိန့်၏မာဆတ်ဆတ်လေသံကြောင့် မင်းထက်တစ်ယောက်
အသက်ပင်ဝဝမရှုရဲဘဲ ခန္ဓာကိုယ်ကိုကျုံ့ကာ
ခေါင်းငုံ့ထားရသည်။
ရှိန်က သူပြောစရာရှိတာပြောပြီး လှည့်ထွက်သွားတော့မှ
မင်းထက်မှာ အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်ရတော့သည်။" အဲ့လောက်ကြောက်နေဖို့လည်း မလိုပါဘူးကွာ၊
ရှိန်လေးက သဘောကောင်းတဲ့ကလေးပါ "ခြံစောင့်ဦးလေးကြီး၏စကားကိုကြားတော့ မင်းထက်တစ်ယောက် နှာရှုံ့လိုက်ပြီး
"ဘယ်လိုပဲဖြစ်ဖြစ် အကိုလေးရှိန်ကကြောက်ဖို့ကောင်းတယ်ဗျ၊ရုပ်တည်ကြီးနဲ့၊ ပြီးတော့ ...
မီးကကျွန်တော်ဖွင့်ချင်လို့ဖွင့်တာမှမဟုတ်တာ၊
အကိုဘုန်းမောင်ကသူရောက်ထဲက အိမ်ထဲကမီးတွေရော
ခြံထဲမီးတွေရော အကုန်လိုက်ဖွင့်ခိုင်းတာ၊ အကိုဘုန်းမောင်ကလဲ မျက်နှာသေကြီးနဲ့ဆိုတော့ ကျွန့်တော့်မှာ ကြောက်ကြောက်နဲ့ မီးတွေလိုက်ဖွင့်ထားရတာ၊
မဖွင့်ရင်လဲအကိုဘုန်းမောင်က ဆူဦးမှာလေ၊ ခုဖွင့်ထားတော့လည်း အကိုလေးက ဆူပြန်ရော "" ကဲပါ၊ရှိန်လေးကို ကားရေဆေးပေးထားလိုက်၊ တော်ကြာသူပြန်ထွက်လာလို့ ကားအဆင်သင့်မဖြစ်သေးရင် ထပ်အဆူခံနေရဦးမယ် "
" ဟုတ် ဟုတ် "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ရှိန်လေး ပြန်လာပြီသား "
" Oh sh*t !!! ၊
အယ် sorry ကြီးကြီးနွယ် ကန်တော့ ကန်တော့ "ရှိန်ကအခုတလော အိမ်တော်ကြီးထဲမှာ သူတစ်ယောက်ထဲနေဖြစ်နေတာမို့ အိမ်တော်ကြီးထဲတွင် ဘယ်မှမရှိဘူးလို့ထင်ခဲ့ခြင်းပင်။ သို့သော် သူအိမ်ထဲအဝင် ခုလိုအသံကြားလိုက်ရတာကြောင့် လန့်သွားရပြီး စကားလုံးအရိုင်းထွက်သွားခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/296631777-288-k385883.jpg)
YOU ARE READING
Superficial Love 🤍
Любовные романы' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~