" မောင်ပြောတော့ စာလုပ်ရမှာမို့မအားဘူးဆို "
" အွန်း ခုလဲမအားဘူးလေ၊ပြန်တော့မှာ "
ဘုန်းကထိုသို့ပြောလိုက်တော့ ရှိန်၏မျက်နှာလေးဟာ မှိန်ဖျော့သွားပြီး၊ခေါင်းကလဲအောက်သို့ငိုက်စိုက်သွားသည်။ဘုန်းကသူ့ရဲ့လက်ချောင်းရှည်များကို ရှိန်၏ဆံနွယ်များထဲထည့်၍ ထိုးဖွ၍ပွတ်သပ်လိုက် ပြီးနောက်အခန်းပြင်သို့ထွက်သွားသည်။
" မောင်..တကယ်မေ့နေတာပဲ "
ရှိန်ထို့သို့ပြောရင်း သူ့ကုတင်ခြေရင်းမှာ လက်ဖြင့်ဒူးခေါင်းကိုပိုက်၍ ထိုင်ချလိုက်သည်။ဒူးခေါင်းပေါ် သူ၏ပြေပြစ်သောမျက်နှာလေးတင်၍ မျက်ဝန်းမှလည်း မျက်ရည်စတို့ထွက်လာသည်။ထိုစဉ်
" Happy birthday ကလေး ၊
မင်းဝါသနာပါရာတွေလုပ်ရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းစေချင်တယ် "ချိုအက်အက်အသံပိုင်ရှင်လေးဟာ ရှိန်ပစ်ပေါက်ထား၍ ရှုပ်ပွနေသော ပစ္စည်းတွေကို ကျော်ခွရင်း သူ့(ရှိန်)ဆီသို့ တည့်မတ်စွာလျှောက်လာလေသည်။ရှိန်၏ မျက်ရည်စတွေဟာ အထိန်းအကွပ်မဲ့စွာ စီးကျလာပြီဖြစ်သည်။
" ဟ!! ရှိန်လေးရယ် 18 boy လေးဖြစ်နေပြီဟာကို၊ ကလေးလေးလို ငိုတုန်းလားကွာ "
ဘုန်းကထိုသိုပြောရင်း ညာဘက်လက်ခုံလေးဖြင့် ရှိန်၏မျက်ရည်စတို့ကို ဖိသုတ်ပေးလိုက်သည်။ကျန်လက်တစ်ဖက်က ကိတ်မုန့်လေးကိုလဲ ရှိန်၏အရှေ့သို့ပင့်ကာထိုးပြလိုက်သည်။
" ရော့လေ ဖယောင်းတိုင်တွေကိုမှုတ်ပြီးဆုတောင်းလေ "
ရှိန်ကသူ့ကိုကြောင်ကြည့်နေတာကြောင့် သူပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါမှရှိန်က မျက်လုံးမှိတ်ဆုတောင်း၍ ဖယောင်းတိုင်တို့ကိုမှုတ်လိုက်တော့သည်။
" ဘာဆုတောင်းလိုက်တာလဲဟင် "
" ပြောလို့မရဘူးလေ၊ ဆုတောင်းတွေကပြောပြလိုက်ရင် မပြည့်တော့ဘူးတဲ့ "
" ဟော ဟုတ်ပါပြီဗျာ၊ မောင်ပြန်တော့မယ်နော် အဆောင်မူးမသိအောင်ခိုးထွက်လာတာမို့အချိန်အများကြီးမရဘူးရယ် "
YOU ARE READING
Superficial Love 🤍
Любовные романы' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~