" အကိုလေးဘုန်းမောင်ကလေ မျက်နှာသေနဲ့နေတာများပေမဲ့ တကယ်အကြည်ဓာတ်လေးနော် စကားပြောလဲတအားယဉ်ကျေးတာပဲ၊ အမှုစစ်မို့လားမသိဘူး အသံကအရှိန်အဝါအပြည့်နဲ့ ချိုအက်အက်လေး၊ပြုံးလိုက်ရင် ချောတာမှလေ တော်ဝင်မင်းသားလေးကြလို့ "
"ဟုတ်ပ့အေ၊အကိုလေးများ ကြောက်ဖို့ကောင်းတာပြောမနေနဲ့၊အသားဖြူဖြူနဲ့ချစ်စရာလေး ဆိုပေမဲ့လေ စကားပြောရင်ဘုနဲ့ဘောက် လေသံမာဆတ်ဆတ်ကို
သီရိဖြင့် မခံစားနိုင်ပါဘူးတော်၊ အကိုလေးရဲ့ အကြည့်စူးစူးကို မြင်ယောင်ကြည့်တာနဲ့တင် ကြောက်နေရတာ "ခင်စုနိုင်နဲ့ သီရိက ဧည့်ခန်းရှိ ပြတင်းပေါက်မှ မှန်ချက်တွေကို သန့်ရှင်းနေရင်း သူတို့၏အိမ်ရှင် အကိုလေးနှစ်ယောက်အကြောင်းကို စကားစမြည်ပြောနေချင်းပင်။
ထိုအချိန် ခုံသုတ်ပုဝါတွေ ကိုင်ပြီးဝင်လာသော နွယ်လေးကိုတွေ့သဖြင့် သီရိမှ.." မနွယ်လေးတို့ကတော့ မိုက်တယ်နော်၊
အကိုလေးက ဒီလောက်ကြောက်ဖို့ကောင်းတာတောင်
အကိုလေးနဲ့ အဆင်ပြေပြေပြောဆိုနိုင်တယ် "" အမလေးတော် အကိုလေးကကြောက်ဖို့မကောင်းပါဘူး၊အရင်ကဒီအိမ်မှာပဲနေတဲ့ ကြီးကြီးနွယ်ရဲ့တူ အကိုကြီးမိုးသားလေသိတယ်မဟုတ်လား "
" မနက်က အကိုလေးဘုန်းမောင်ကို လာခေါ်တဲ့ အကိုလား "
ခင်စုနိုင်က တွေးစစဖြင့် ဝင်ပြောလိုက်ချင်းဖြစ်သည်။
" ဟုတ်တယ်၊ နင်တို့ အကိုကြီးမိုးသားနဲ့ အကိုလေးကိုတွဲမမြင်ဖူးလို့၊ အကိုလေးကလေ တကယ့်ကလေးလေးလိုပဲ
ခင်မိပြီဆိုအရမ်းတွယ်ကပ်တက်တာ၊ သိပ်လဲဂရုစိုက်တက်သလို၊လူတိုင်းအပေါ်လဲ သိပ်သဘောကောင်းတာဟ "" ဟုတ်လို့လား မနွယ်လေးကလဲ၊ မင်းထက်ပြောပြတာ မနေ့ကလဲ မီးတွေဖွင့်ထားလို့ဆိုပြီး သူ့ကိုဆူသွားတယ်တဲ့ "
သီရိမှ မဝင့်တဝင့်မေးလိုက်သော စကားကို ခင်စုနိုင်ကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်ထောက်ခံ လာလေသည်။
" အော် ငါကလိမ်ပြောမလားဟဲ့၊ အကိုကြီးမိုးသားရယ် အကိုလေးရယ်က ငယ်ငယ်က ကစားဖော်တွေလေ၊
ငါကအမေဆုံးမှ၊အဖေအလုပ်လုပ်တဲ့ ဒီအိမ်ကြီးကို
လာနေတာ၊ ငါကအရမ်းငယ်တော့ သခင်ကြီးက
အိမ်အလုပ်တွေမခိုင်းသေးဘူးလေ၊တစ်ယောက်ထဲအမြဲငိုင်နေတဲ့ငါ့ကို ဆယ်နှစ်အရွယ်အကိုလေးကပဲ ငါ့လိုအိမ်အကူကို သူတို့နဲ့တူတူဆော့ဖို့လာခေါ်ခဲ့တာ၊
အကိုကြီးမိုးသားက အကိုကြီး ၊သူက အကိုလေးဆိုပြီး ၊
အမေ့ကိုလွမ်းတယ်ဆိုတိုင်း နှစ်သိမ့်ပေးခဲ့တာ၊
အကိုလေးကလေ အရမ်းနွေးထွေးတာဟ၊ အကိုလေးဘုန်းမောင်ကိုလဲ အရမ်းချစ်တာ၊ သခင်မလေးသာ....
အမလေးပြောမထွက်တော့ဘူး ငါငိုချင်လာပြီ "

YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~