" လူကိုဘာလို့ ခဏခဏလာကြည့်နေတာလဲ "
စားပွဲအရှေ့မှ ထိုင်၍ဟိုစာရွက်ဒီစာရွက် လှန်လှောလိုက်
သူ့ကိုကြည့်လိုက်လုပ်နေသော မိုးသားကို
ဘုန်းက laptop ကိုကြည့်နေရင်းသာ ပြောလိုက်ချင်းပေ။" နောက်ကနေ Leader C လိုက်နေလို့လား၊
အလုပ်ကိုအသေအမြန်လုပ်နေတာ "" စကားပုံအသစ်လား နောက်ကကျားလိုက်တာတို့၊
ဆင်လိုက်တာတို့ပဲကြားဖူးတယ် "ဘုန်းမောင်က laptop ကိုကြည့်နေရာမှ မိုးသားကို အူကြောင်ကြောင်လေးမော့ကြည့်ကာ မေးလိုက်ချင်းဖြစ်သည်။
" Leader C စကားပဲနားထောင်တဲ့ မင်းက
ဆင်တို့ကျားတို့ကို မမှုတာသိနေတယ်လေ၊
အဲ့တော့ ဒီကဘုန်းမောင်လေးကို ကျွန်တော်ကရွဲ့နေတာ၊
တကယ်ပါပဲ ရွဲ့ပြောလို့ပြောနေမှန်းလဲမသိဘူး "မိုးသားက ဘုန်းမောင်ရှေ့တည့်တည့် ပိတ်ရပ်ရင်းပြောလာသည်။
" ကိုစောကြောင့်မဟုတ်ပါဘူး၊
ဒီနေ့ ဦးလေးဆုံးတာ ရှစ်နှစ်ပြည့်ပြီလေ၊ ရှိန်လေးကစောစောပြန်လာလို့ပြောတာနဲ့ ငါလဲပြန်လာမယ်လို့ ကတိပေးလိုက်မိတယ် "" အာ ဟုတ်သား၊ ဒီနေ့ခရစ်စမတ်နေ့ပဲ "
" ဘာ ဘာလဲ၊ ငါသာကတိမပေးလိုက်ရင်
သူ.. သူကအိမ်ကနေပေး.. ပေးထွက်မဲ့ပုံမပေါ်လို့၊
ဘယ်လိုပဲဖြစ်ဖြစ် အ..အထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်နေတဲ့ ငါက ကတိတော့တည်ရမယ် မဟုတ်လား "မိုးသားကသူ့ကိုပြီတီတီကြီး ကြည့်နေချင်းကြောင့် မလုံမလဲဖြစ်ရကာ သူအထစ်ထစ်အငေါ့ငေါ့ဖြင့်
ရှင်းပြလိုက်ချင်းဖြစ်သည်။" အေးပါကွ ငါကဘာပြောနေလို့လဲ "
မိုးသားကရယ်သံလေးစွပ်ကာ ခပ်သွပ်သွပ်ပြောလိုက်သည်။ သို့သော် မိုးသားသည် ခုထက်ထိသူ၏ပြီတီတီမျက်နှာထားကို မပြင်သေးပဲ ဘုန်းမောင်ကိုဆက်ကြည့်နေတုန်းပင်။
" မပြောရင်လဲ မင်းမျက်နှာထားကြီးကိုပြင်လေ "
မိုးသားကတစ်လှမ်းချင်းလျှောက်လာကာ ဘုန်းမောင်၏ အလုပ်စားပွဲတွင် တင်လွဲထိုင်လိုက်သည်။ ဘုန်းမောင်၏မျက်နှာနားသို့ ဖြည်းဖြည်းချင်း ကပ်လိုက်ပြီးနောက် စကားစသည်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~