" ဟဲ့ !!!! "
ဒေါ်နှင်းယုမာန်က သူမထိုင်နေသာနေရာ၏မလှမ်းမကမ်း၌ ဖန်ခွက်ထဲနွားနို့တွေထည့်လိုက် ကွတ်ကီးတွေကိုပန်းကန်ထဲထည့်လိုက်နှင့် အလုပ်ရှုပ်နေသော ကောင်လေးကို လမ်းခေါ်လိုက်သည်။
" အရှေ့ကကောင်လေး ၊ခေါ်နေတာကြားလား "
အသံကိုထပ်မြင့်ပြီးပြောလိုက်သော်လည်း ထိုကောင်လေးဟာလှည့်မကြည့်ပြန်ပါ။ သူမအတော်လေးကို စိတ်ရှုပ်သွားရသည်။ လက်ထဲမှ Tablet ကိုစားပွဲပေါ်သို့ချပြီး ထမင်းစား စားပွဲမှထကာ အလျင်အမြန်ပဲ ထိုကောင်လေးဆီသွား၍ ပုခုံးမှဆွဲလှည့်လိုက်သည်။ထိုကောင်လေးက သူ့ကိုမျက်ဝန်းဝိုင်းဝိုင်းတွေဖြင့် ကြည့်လာလေသည်။
" ဒီမှာကောင်လေး ၊ခေါ်နေတာကြာလှပြီကို မင်းနားများကန်းနေသလား ဟမ် "
" ကောင်သောနံနက်ခင်းပါ သခင်မလေး.. ၊
သခင်မလေးက ကျွန်တော့်ကိုခေါ်နေတာမဟုတ်ဘူးထင်လို့လေ၊ကျွန်တော့နာမည် မိုးသားဖြူ ပါဗျ ၊ဟဲ့ မဟုတ်သလို အရှေ့ကကောင်လေးလည်း မဟုတ်ပါဘူး ခင်ဗျ "သူမရှေ့က ကောင်လေးက သူမကိုတစ်ချက်ဦးညွှတ်ရင်း တည်ငြိမ်စွာပြောလာသည်။
" ငါကနင့်နာမည်မသိဘဲနေမလား၊ သဘောအဖြစ်ခေါ်လိုက်တာဟဲ့ ၊
ဒီကလေးနဲ့တော် ကျေးဇူးစကားပြောမလို့ကို ပါးစပ်ကထွက်တောင်မထွက်ချင်တော့ဘူး "ဒေါ်နှင်းယုကထိုသို့ပြော၍ ထမင်းစားစားပွဲသို့ ပြန်ဝင်ထိုင်လိုက်သည်။ထို့နောက်..ကော်ဖီကိုတစ်ငုံသောက်လိုက်ပြီး စကားဆက်သည်။
" မနေ့က Austin ကိုဂရုစိုက်ပေးထားတာအတွက် ကျေးဇူးပဲကွယ်။သူ့အနားမှာ အဖော်အဖြစ် မင်းရှိနေတော့ သူတွေးနေကြအတွေးဆိုးတွေ မဝင်တော့ဘူးပေါ့ ၊ဒါတွေထားပါ ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲ ...မိုးသား "
ဒေါ်နှင်းယုမာန် ကထိုသို့ပြောပြီးနောက် သောက်လက်စကော်ဖီခွက်ကို လက်စသတ်လိုက်ကာ ထမင်းစားခန်းမှထွက်သွားလေသည်။ တအံ့တဩကျန်နေခဲ့ရသူကတော့ မိုးသားပင်ဖြစ်၏။ မောက်မာပြီးမာနကြီးလှတဲ့ အမျိုးသမီးထံမှ သူကျေးဇူးတင်ခံလိုက်ရတာကြောင့် အတော်ပင်ထူးဆန်းနေမိသည်။
![](https://img.wattpad.com/cover/296631777-288-k385883.jpg)
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~