ဘုန်းမောင်တစ်ယောက် ရှိန့်ကို အချိန်အတော်ကြာသည်ထိစိုက်ကြည့်နေမိသည်။
ရှိန့်အနားသို့လျှောက်သွားလိုက်တော့ သူ့ခြေသံကြားလို့ထင်ပါရဲ့ ကောင်ငယ်လေးက လှည့်ကြည့်လာသည်။ထို့နောက် ခပ်ရေးရေးလေးပြုံးပြပြီး သူ့အနားမှာလာထိုင်ဖို့ လက်လှမ်းပြနေလေသည်။နှစ်ယောက်သား ဘေးချင်းကပ်ယှဉ်ထိုင်နေတာ မိနစ်ပိုင်းမျှကြာပြီဖြစ်သော်လည်း စကားတစ်ခွန်းမှမပြောဖြစ်ကြသေးပါ။ ဘုန်းမောင်က ရှုတည်တည်သာထိုင်နေပြီး၊ ရှိန်ကလည်း နေရောင်မရှိတော့သဖြင့် မှောင်ရီစပျိုးနေသော ကောင်းကင်ကိုသာ မော့ကြည့်နေစဲဖြစ်သည်။
" ဘာလို့လဲ "
တိတ်ဆိတ်သော ပတ်ဝန်းကျင်သော ဘုန်းမောင်ကအရင်ဖြိုခွဲလိုက်သည်။ ဘုန်းမောင်၏အမေးကို ရှိန်ကနားမလည်သလိုသာ ပြန်ကြည့်လာသည်။
" ဘာလို့ ဒီကိုပြန်လာတာလဲလို့ "
" ကိုယ်အခု ဒါတွေမပြောချင်သေးဘူး ဒီနေ့က ... "
" အွန်း သိတယ် "
သူ့စကားမဆုံးခင် ဘုန်းမောင်မှ စကားဖြတ်ပြောလာတာမို့ သူပြောစရာရှိတာဆက်မပြောတော့ပဲ ဘုန်းပြောမှာကိုသာနားစွင့်ရင်း ဘုန်းမောင်ကိုသူငေးကြည့်နေမိသည်။
" ဦးဆုံးတာ ရှစ်နှစ်ပြည့်တဲ့နေ့မို့ မင်းစိတ်အဆင်မပြေတာသိပါတယ်၊ငါလဲမင်းနဲ့ထပ်တူပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်ကကိစ္စကို ခုမှမရှင်းရင် မဖြစ်တော့လို့၊ ငါဒီထပ်ပိုရှောင်လွဲချင်မနေတော့ဘူး "
မောင်ပြောသလိုဟုတ်သည် ဒီထက်ပိုရှောင်လွှဲနေလို့မဖြစ်တော့ သူတို့ဖြေရှင်းမှရတော့မည်။
ဒါ့ကြောင့်အစောကဘုန်းမောင်မေးခွန်းကို ခပ်သွပ်သွပ်ပင်ပြန်ဖြေလိုက်သည်။
" ဘာလို့ပြန်လာတာလဲဆိုတာ ရှင်းပါတယ် မောင့်ကြောင့်လေ "
" ဘာလို့ ထွက်သွားတာလဲလို့ရော မမေးတော့ဘူးလား "
သူ့ပြောစကားကို မည်သည့်ပုံစံမှတုံ့ပြန်ခြင်းမရှိတာကြောင့် ရှိန့်ဘက်မှမေးခွန်းစလိုက်ခြင်းပင်။
ထိုအခါမှ ဘုန်းကရှိန့်ဘက်သို့ မျက်နှာလှည့်လာပြီး...
![](https://img.wattpad.com/cover/296631777-288-k385883.jpg)
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~