" အလုပ်ချိန်ကြီးကို...
ဘယ်လိုဖြစ်လို့ သုန်းရဲ့ဆိုင်မှာလာစုနေရတာလဲ "သူတို့သူငယ်ချင်းတွေ စုထိုင်နေကြဖြစ်သော သုန်းဆိုင်၏နားနေခန်းထဲသို့ suit အပြည့်ဖြင့် သားနားစွာဝတ်ထားသော ဇေပိုင်ထူးက တံခါးဖွင့်ဝင်လာရင်းပင် ဆိုလာသည်။
ပိုင်၏အနောက်တွင်တော့ ရိန်မွန်းကကပ်လျက်လိုက်ဝင်လာသည်။" နင်ကရော ရှုတင်မှာရှိမနေဘဲ၊ ဘာလာလုပ်တာလဲ "
" ပိုင်လေးက အခုပဲရှုတင်ပြီးလာတာလေ ၊
အလုပ်ချိန်မှာ မင်းတို့အကုန်ဒီမှာရှိနေတော့ ပိုင်လေးက အံ့ဩလို့မေးတာကို ညမကအဲ့လိုပြန်မပြောရဘူးလေ "ဇေပိုင်ထူးကို ခွန်းတုံ့ပြန်နေသော ဂျူးမြတ်ခမျာ ရိန်မွန်း၏ တည်ကြည်စွာပြောသော အပြောကြောင့် အင်တင်တင်ဖြင့် ပိုင့်ကို မျက်စောင်းထိုးကြည့်၍သာ ငြိမ်သွားရလေသည်။
" နေခြည်တို့က သုန်းနဲ့ပြခန်းအကြောင်းတိုင်ပင်ဖို့ရောက်နေကြတာ၊ ဒီနှစ်ယောက်ကတော့ အလုပ်ကိစ္စကြောင့် ဒီဘက်ရောက်တုန်းခဏဝင်လာတာတဲ့လေ "
နေခြည်က လျှမ်းသစ်နဲ့ဂျူးမြတ်ကို လက်ညှိုးထိုးပြရင်း
ပြောလိုက်သည်။" အာ ဟုတ်လား၊
ဒါဆိုပိုင်လေး ကိုယ်ပြန်တော့မယ်၊
ပြန်မယ်ဆိုဖုန်းဆက်လိုက်နော်၊ အစ်ကိုလာကြိုမယ်"" အတွဲတွေများ ပိုကိုပိုတယ် "
ခွန်းသနှာရှုံ့ပြီးပြောလိုက်တော့ ရိန်မွန်းက သူတို့အုပ်စုဘက်ကို ရှက်ပြုံးလေးပြုံးပြပြီးနောက် ဆိုင်ထဲမှထွက်သွားလေသည်။ပိုင်ကတော့ မြောက်ကြွားကြွားဖြင့် သူတို့အနားသို့လာထိုင်လေသည်။
" ဘုန်းတစ်ယောက်ကော၊
သူ့ကလေးအိမ်မှာ ခြေချုပ်မိနေတာလား "" အလုပ်ကိစ္စရှိလို့ "
အသံလာရာကို လှည့်ကြည့်လိုက်တော့ စက္ကူအိတ်အဖြူရောင်လေးကိုင်ကာ တံခါးကိုအသာပြန်ပိတ်ပြီးဝင်လာတဲ့ မိုးသားဖြစ်နေသည်။
" အယ်!! မိုးသား "
အခန်းထဲသို့ဝင်လာသော မိုးသားကို အခန်းတွင်း၌စုထိုင်နေကြသော ခြောက်ယောက်မှာ ပါးစပ်အဟောင်းသားလေးတွေဖြင့် လုပ်လက်စတွေရပ်ရင်း ကြောင်ကြည့်နေကြလေသည်။
YOU ARE READING
Superficial Love 🤍
Romansa' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~