" အမလေး!! အာ... သစ်ရယ်
လန့်လိုက်တာကွာ၊ ခုနကဂျူးမြတ်တို့နဲ့အတူ မင်းထွက်သွားတော့ အလုပ်ဆင်းသွားပြီတောင်ထင်နေတာ "ဘုန်းမောင်၏ရုံးခန်းထဲမှ ရေဘူးလေးကိုင်ကာထွက်လာသော မိုးသားက သူ့ရင်ဘက်လေးသူဖိကာ လျှမ်းသစ်ကိုလှမ်းပြောလေသည်။
"မင်းမလည်း မသိရင်ငါ့တွေ့တာမဟုတ်ဘဲ
သရဲတွေ့နေသလိုပဲ၊လန့်တက်လိုက်တာကွာ၊
ခုနက ကိစ္စလေးရှိလို့ခဏထွက်သွားတာ၊
ခုက ဒီမှာလေ လုပ်လက်စအလုပ်ကို လက်စလာသတ်တာ "လျှမ်းသစ်က သူ့လက်ထဲက စာရွက်နှင့်စက္ကူအိတ်အချို့ကို ထောင်ပြရင်းဆိုလာသည်။
" အင်း အင်း၊ အိမ်ပြန်အရမ်းနောက်မကျစေနဲ့၊
မင်းပြန်ရင် ဘုန်းမောင်ကိုပါ အပါခေါ်သွား၊
မဟုတ်ရင် ရုံးမှပဲညလုံးပေါက်နေလိမ့်မယ်၊
လက်ကအနာကကျက်သေးတာမဟုတ်ဘူး၊
သူအနားယူမှရမှာ "" ဟုတ်ပါပြီကွာ၊ ခုမင်းအိမ်ပြန်တော့မှာမဟုတ်လား၊
အေးဆေးသာပြန် စိတ်မပူနဲ့ ဟုတ်ပြီလား ""ဒါဆို စိတ်ချမယ်နော်၊ ငါပြန်ပြီ "
ထိုသို့ပြောပြီး မိုးသားက ကျောပိုးအိတ်လေးကို လွယ်ကာထွက်သွားလေသည်။ထို့နောက် မိုးသားပြန်သွားတာသေချာပြီဆိုမှ လျှမ်းသစ်လဲ ဘုန်းမောင်အခန်းဘက်သို့ထွက်လာခဲ့လိုက်သည်။
ဒေါက် ဒေါက်
" ဝင်လာပြီနော် ဘုန်း "
အခန်းအတွင်းမှမည့်သည့်အသံမှမကြားရသဖြင့်
လျှမ်းသစ်အသံတစ်ချက်ပြုကာ ဝင်လာလိုက်သည်။
လျှမ်းသစ်ဝင်လာတော့ ဘုန်းမောင်က အဝင်ဝကိုကျောပေးပြီး မှန်ပြတင်းဘက်သို့ မျက်နှာမူကာရပ်နေ၏။" မိုးသား ပြန်သွားပြီလား "
ဘုန်းမောင်သည် ရပ်မြဲတိုင်းရပ်ကာ ဆိုလာသည်။
ဒီနေ့မှပဲ ဘုန်းမောင်၏ အသံချိုအက်အက်လေးက အလွန်တရာမှအေးစက်စက်နိုင်နေလေသည်။" ခုနကပဲပြန်သွားတာ "
လျှမ်းသစ်က ဘုန်းမောင်ရပ်နေသည့် အနားကခုံမှာဝင်ထိုင်ရင်းဖြင့် ပြောလာသည်။ဘုန်းလည်း မတ်တပ်ရပ်နေရာမှ လျှမ်းသစ်၏ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ရင်း စကားစသည်။
YOU ARE READING
Superficial Love 🤍
Romance' ရှေ့လျှောက် ဘာတွေပဲဖြစ်နေပါစေ ကိုယ်မောင့်ကိုထပ်မထားခဲ့တော့ဘူး ' ~ ရှိန်တမာန် ~ ' အရာအားလုံးဟာ အတိတ်မှာကျန်ခဲ့ပြီ၊ ငါနှလုံးသားကိုလည်း အတိတ်မှာပဲ မြုပ်နှံခဲ့လိုက်ပြီ ' ~ မြတ်ဘုန်းမောင် ~