"တူ...တူ...တူ..."
အိပ်ရာဘေး အံဆွဲပေါ်တင်ထားသည့် ဖုန်းကထမြည်နေသည်မှာ သုံးခါမကတော့။ ရေချိုးခန်းထဲရောက်နေသည့် ဝမ်ရိပေါ်အစား ရှောင်းကျန့် ဖုန်းကိုင်ပေးဖို့ပြင်လိုက်ပေမယ့် နံပါတ်အစိမ်းဖြစ်လို့နေပြီး ခေါ်ဆိုသူ၏ နာမည်ကိုလည်း မှတ်ထားခြင်းမရှိတာပင်။
"တူ...တူ...တူ..."
ရှောင်းကျန့်ကိုင်သင့် မကိုင်သင့် စဉ်းစားနေရင်းမှ တစ်ဖက်က အဆက်မပြတ်ဝင်နေတာကြောင့်...
"ဟယ်လို..."
"....."
"ဟယ်လို..."
"ဆောရီးနော် ဖုန်းမှားဝင်သွားတယ် ထင်တယ်..."
ရှောင်းကျန့်ကိုင်လိုက်ပြီး ဘာမှမပြောရသေးခင် တစ်ဖက်မှ အမျိုးသမီးကချက်ချင်းပင် ဖုန်းမှားသည်ဟုဆိုကာ ဖုန်းကိုတိကနဲချလိုက်၏။ ရှောင်းကျန့်လည်းဒီတိုင်းသာ ဖုန်းကို အံဆွဲပေါ်ပြန်တင်လိုက်၍ မနက်စာပြင်ဖို့အခန်းထဲမှ ထွက်မည်ပြင်လိုက်စဉ် ဖုန်းကထပ်မြည်လာသည်။
ရှောင်းကျန့် နောက်ပြန်လှည့်လာပြီး ဖုန်းရှိရာသို့ လျှောက်သွားဖို့ လုပ်လိုက်ပေမယ့် ရေချိုးခန်းထဲမှ ထွက်လာသည့် ဝမ်ရိပေါ်က သူ့ထက်အရင် ဖုန်းရှိရာသို့ ခပ်သုတ်သုတ်သွားလိုက်ကာ ဖုန်းကိုယူလိုက်သည်။ ပြီးနောက် ပြန်မဖြေဘဲ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီး ဖုန်းချသည့် ခလုတ်ကို နှိပ်လိုက်သည်။
"ရိပေါ်...ခုနတုန်းကလည်း ဖုန်းတွေဝင်နေသေးတယ်..."
ဝမ်ရိပေါ် အဝတ်အစားလဲနေရင်း ရှောင်းကျန့်ကို ကြည့်လိုက်ကာ...
"ဟုတ်လား..."
"အင်း...တစ်ဖက်က အမျိုးသမီးတစ်ယောက်ရဲ့ အသံပဲ ဖုန်းမှားခေါ်မိတာတဲ့..."
"ဖုန်းသရဲတွေပဲနေမှာ..."
"ဟုတ်မှာပါ...အဲ့တာဆို ကောအပြင်မှာစောင့်နေမယ်...ခေါင်းခြောက်အောင်သုတ်ပြီး ထွက်လာခဲ့ မနက်စာပြင်ထားလိုက်မယ်..."
ရှောင်းကျန့်၏ ခန္ဓာကိုယ်လေးကို ဝမ်ရိပေါ်သူ့နားသို့ဆွဲယူလိုက်ကာ နားသယ်စပ်လေးကို အနမ်းပေးလိုက်ရင်း...