နိဒါန်း (Unicode)

3.7K 155 1
                                    

နေရာတွေဒီလောက်ပဲ ရှားခဲ့သလား။

မျက်နှာချင်းမဆိုင်ဖြစ်တော့ဘူးထင်ခဲ့တဲ့ လူနှစ်ယောက်အဖို့ နောက်တစ်ကြိမ် မျက်လုံးချင်းဆုံမိကြတဲ့အခါ။

ပြုံးပြရမလား၊ ရှောင်လွှဲသွားရမလား တွေဝေမိတဲ့ အခိုက်အတန့်တစ်ခုမှာ မပြုံးပြချင်ခဲ့တာတော့ အသေအချာ။

မျက်မှန်ကိုင်းလေးပင့် အပြုံးနုနုတစ်ခုပေးနေတဲ့သူက ဘာခံစားချက်မှမကျန် တော့ကြောင်း အတည်ပြုနေတဲ့အခါ။

လွမ်းဆွတ်တမ်းတခြင်းတွေ၊ နာကျည်းခြင်းတွေ အလျင်းမပါတဲ့ ဗလာသပ်သပ်မျက်လုံးတစ်စုံက မျက်မှန်အောက်မှာထင်ရှားလွန်းနေတော့ ဒီအပြုံးကို မတုံ့ပြန်မိတာသူ့အလွန်လား။

ကော်ဖီဆိုင်ထဲ ပျံ့လွင့်နေတဲ့ သီချင်းလေးကိုကြားတော့စိတ်ထဲခပ်ဟဟရယ်မိသား။ လူနှစ်ယောက်ရဲ့နှောင်ကြိုးတွေပြတ်တောက်သွားတဲ့အခါ ကြေကွဲစရာတဲ့လား။

အဆုံးသတ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်က ကြေကွဲစရာမဟုတ်ခဲ့ရင်တောင်...

ပြန်ဆုံတွေ့ခိုက် အပြုံးတစ်ခုနဲ့ ကျောခိုင်းပြီးထွက်သွားခဲ့တာတော့ ကြေကွဲစရာ။

Milestone 105Where stories live. Discover now