အပိုင်း(၆) Unicode

1.2K 152 2
                                    

"ရိပေါ် နောက်ကျ..."

ဝမ်ရိပေါ်သူ့ အနီးသို့လျှောက်လာသူကို စကားဆုံးအောင်ပြောခွင့်မပေး။ လက်ကောက်ဝတ်ကနေလှမ်းဆွဲကာ သူ့ရင်ခွင်ထဲဝင်စေလိုက်​၏။ နားမလည်သည့် အကြည့်များဖြင့် ကြည့်နေသည့် မျက်ဝန်းများကို လျစ်လျူရှုပြီး ခန္ဓာကိုယ်ကို တင်းကြပ်နေအောင် ဖက်ထားကာ ပါးပြင်များနစ်ဝင်သွားအောင် နမ်းရှိုက်လိုက်​၏။

"ရိပေါ်..."

ရင်ခွင်ထဲမှာ မသိမသာရုန်းနေသူကြောင့် ဝမ်ရိပေါ် ရပ်တန့်ပေးလိုက်ပြီး ပါးပြင်နုနုကို လက်မဖြင့် ဖွဖွပွတ်သပ်လိုက်ကာ...

"လွမ်းနေတာ...တစ်နေကုန် ဒီအထိအတွေ့တွေကို လွမ်းနေတာ...ချစ်တယ် ကျန့်ကော..."

"အင်း ကောရောပဲ..."

ဝမ်ရိပေါ် သူ့အနမ်းတွေကို ရှောင်းကျန့် နှုတ်ခမ်းပါးတွေဆီသို့ ဦးတည်လိုက်စဉ်...

"အဟမ်း အဟမ်း..."

ကားပေါ်မှာ ဆင်းလာသည့် ယွန်ဟိုက ချောင်းဟန့်သံပြု၍ ရှောင်းကျန့် တို့ထံသို့ လျှောက်လာသည်။ ပြီးနောက် ဝမ်ရိပေါ် ရင်ခွင်ထဲရောက်နေသည့် ရှောင်းကျန့်ကို ရွှတ်နောက်နောက်ပုံဖြင့် လက်ကနေကိုင်ပြီး သူ့ဘက်ကိုဆွဲလိုက်ကာ သူငယ်ချင်းရင်းချာတွေလို ပုခုံးပေါ်လက်တင်လိုက်ပြီး ခေါင်းကိုစောင်းငဲ့၍...

"မိတ်ဆက်ပေးဦးလေ မင်းရဲ့ညီလေးလား..."

ယွန်ဟို​၏ အပြုအမူကြောင့် စိတ်ထဲတင်းကနဲဖြစ်သွားသည့် ဝမ်ရိပေါ်မှာ ရှောင်းကျန့်ကို သူ့ဘက် ဆတ်ကနဲပြန်ဆွဲလိုက်ကာ...

"ခင်ဗျားရော ခင်ဗျားတို့ ညီအစ်ကိုတွေကို ခုနကလိုပဲ နမ်းလား..."

ဝမ်ရိပေါ်ပြောသည့် စကားကို ယွန်ဟို ဂရုမစိုက် ရှောင်းကျန့်ဘက်ကိုသာကြည့်လိုက်ပြီး...

"ရှောင်းကျန့် မင်းက လျှိုတယ်နော်...တစ်ခါမှတောင် မပြောဖူးဘူး...မဟုတ်ရင် ငါက သူ့ကို မင်းညီလေးလို့ပဲထင်မိမှာ...ဟား ဟား ဟား..."

"သွားရအောင် ကျန့်ကော...ကျွန်တော်ဗိုက်ဆာနေပြီ..."

"အင်း..."

Milestone 105Where stories live. Discover now