အပိုင်း(၂၀) Zawgyi

152 19 0
                                    

ရုံးခန်းထဲတွင် ဝမ်ရိပေါ် စာရင်းဇယားများစစ်နေစဉ် အပြင်ဘက်မှ အတွင်းရေးမှူးဖြစ်သူဝင်လာသည်။

"အစီရင်ခံစရာရှိလို့ပါ..."

"အင်း..."

"ဟွမ်း လူကြီးမင်းဘက်က တွေ့ဖို့ခွင့်ပြုလိုက်ပါပြီဗျ..."

"ဘယ်အချိန်တဲ့လဲ..."

"မနက်ဖြန်မနက် ၁၀ နာရီ..."

"ကောင်းပြီ..."

"ဒါနဲ့သူဌေး...မနက် ၁၀ နာရီ အတိအကျရောက်ဖို့တော့လိုပါတယ် ခင်ဗျ...ဟွမ်းလူကြီးမင်းက အချိန်နဲ့ပတ်သက်ရင် တစ်စက္ကန့်နောက်ကျတာတောင် မနှစ်မြို့ဘူးလို့ကြားတယ်..."

"အင်း ငါတို့ဘက်က ကြိုသွားထားရမှာပေါ့..."

လက်ရှိလုပ်နေသည့် အိမ်ယာစီမံကိန်းက အောင်မြင်မှုသေချာနေသည့်အခါ ဝမ်ရိပေါ်အနေနဲ့သူ့ရဲ့လုပ်ငန်းတွေကို ပိုချဲ့ထွင်ချင်တာဖြစ်သည်။အောင်မြင်ရခြင်းအကြောင်းတွေကလည်း ဝမ်ရိပေါ်ကတခြားသူများကိုမလွှတ်ဘဲ သူကိုယ်တိုင်မြေယာပိုင်ရှင်တွေနဲ့တလေးတစားလိုက်တွေ့ ညှိနှိုင်းတတ်ခြင်းတွေကြောင့်ပင်ဖြစ်သည်။

မနက်ဖြန်သူသွားတွေ့မည့် ဟွမ်းလူကြီးမင်းဆိုသည့် မြေပိုင်ရှင်မှာ ရှေးရိုးစွဲပြီးခေါင်းမာသည့် လူကြီးတစ်ယောက်ဖြစ်တာကြောင့် သူပိုင်တဲ့မြေကိုချက်ချင်းရောင်းဖို့မဆိုထားနဲ့ ဆွေးနွေးတာတွေတောင် လက်မခံတာပင်။သို့သော် အခုတော့ သူတို့နဲ့ညှိနှိုင်းတွေ့ဆုံဖို့ လက်ခံလိုက်သည့်အခါ ဝမ်ရိပေါ်ဘက်ကလည်း အကောင်းဆုံးတွေ ပြင်ဆင်ရမည်ဖြစ်သည်။

ဟွမ်းလူကြီးမင်းသူ့မြေတွေကိုလက်မလွှတ်နိုင်တဲ့အကြောင်းအရင်းကလည်း သူ့မြေတွေက သဘာဝတောတောင်တွေနဲ့တကယ်ကိုနီးစပ်ပြီး အဓိကကတော့ ရထားဘူတာရုံတစ်ခုနဲ့နီးတာပင်။ဒါကိုက မြို့ပြစီမံကိန်းတွေအကောင်အထည်ဖော်ချင်တဲ့လုပ်ငန်းရှင်တွေအတွက် မျက်စိကျစရာတစ်ခုလိုဖြစ်နေခဲ့သည်။

တစ်ဖက်က အချိန်ကို အင်မတန်လေးစားတတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့် စိတ်မကွပ်အောင် သူတို့ဘက်က ကြိုရောက်နေမှတော်ကာကျမည်။ ပထမတွေ့ဆုံမှုကတည်းက အမှားကင်းနေမှ အရောင်းအဝယ်ကိစ္စတွေက အဆင်ပြေမှာဖြစ်​၏။

Milestone 105Where stories live. Discover now