အပိုင်း(၁၉) Unicode

1.4K 158 16
                                    

ဝမ်ရိပေါ် သူ့လက်ထဲက ကော်ဖီခွက်လေးကို ကိုင်မြှောက်၍ တစ်ဖက်ဝရံတာမှာ မတ်တပ်ရပ်နေသည့် ရှောင်းကျန့်ကို နှုတ်ဆက်စကားဆိုလိုက်သည်။

"Good Morning...! "

ဝမ်ရိပေါ်​၏ နှုတ်ဆက်စကားကို ရှောင်းကျန့်ခေါင်းညိတ်အသိမှတ်ပြုကာ အပြုံးလေးတစ်ခုဖြင့်ပြန်၍...

"Good Morning ပါ..."

အလွန်တည်ငြိမ်လွန်းသော လှုပ်ရှားမှုတွေဖြင့် ရှောင်းကျန့် သူ့ဝရံတာရှိ စားပွဲ​၏ထိုင်ခုံလေးတွင်ဝင်ထိုင်လိုက်သည်။ပြီးလျှင် သူ့ကြွေခွက်လေးထဲက လက််ဖက်ရည်ကို သာသောက်ရင်း မနက်ခင်းဆည်း ဆာအလှကိုပြန်ခံစားနေသည့်အခါ တစ်ဖက်ခြမ်းရှိဝမ်ရိပေါ်က...

"ရာသီဥတု သာယာတယ်နော်..."

"အင်း..."

"ကောင်းကင်ကြီးကလည်း ပြာတယ်..."

"အင်း ဟုတ်တယ်..."

"ဒီနေ့မိုးရွာမယ်လို့ ခင်ဗျားထင်လား..."

ဝမ်ရိပေါ်​၏ အမေးစကားကြောင့် ရှောင်းကျန့် ကောင်းကင်ကြီးကို တစ်ချက်မော့ကြည့်လိုက်သည်။ခုနက ကောင်းကင်ယံထက်မှာ အလိပ်လိပ်ဖြစ်ခဲ့သည့် တိမ်တိုက်​တွေကို လေတွေသယ်ဆောင်သွားလို့အခုတော့ကောင်းကင်ကြီးက ရှင်းလင်းနေသည်။ထို့ကြောင့် ဝမ်ရိပေါ်​၏ အမေးစကားကိုတုံ့ပြန်သည့်အနေနဲ့...

"မရွာလောက်ဘူးထင်တယ်...ကောင်းကင်မှာတိမ်တွေကင်းနေတယ်..."

"တိမ်တွေက ဘာလို့ကင်းနေတာလဲ..."

"လေပြည်ညင်းတွေသယ်သွားလို့ဖြစ်မယ်..."

"အင်း ဖြစ်နိုင်တယ်...ဒါနဲ့..."

ဝမ်ရိပေါ် စကားကိုတစ်ဝက်တင်ရပ်လိုက်ကာ...

"ကျွန်တော့်ရဲ့လေပြည်ညင်းက မျက်မှန်လေးနဲ့..."

ပြောပြီးသည်နှင့် ဝမ်ရိပေါ် ဘယ်ကိုမှမကြည့်တော့ဘဲမျက်စိရှေ့က ကော်ဖီကိုသာ ငုံ့သောက်ရင်း အကြည့်တွေကို ဘာမှမရှိသည့်ကောင်းကင်ကြီးဘက်သို့သာပို့လိုက်သည်။လက်ချောင်းထိပ်တွေကိုတော့စားပွဲမျက်နှာပြင်နဲ့ အကြောင်းပြချက်မရှိ တီးခေါက်လို့နေမိသည်။

Milestone 105Where stories live. Discover now