အပိုင်း(၂၃) Unicode

1.4K 156 17
                                    

"ဂျိမ်း...! "

ဝမ်ရိပေါ် အိမ်တံခါးကိုအသေဆောင့်ပိတ်ကာ အိမ်ထဲပြန်ဝင်လာသည်။ ကိုင်ဆွဲထားဆဲဖြစ်သည့် ရှောင်းကျန့်​၏ ဟင်းချက်ပစ္စည်းများကိုလည်း လက်ကနေလွှတ်၍ အိမ်ရှေ့ကြမ်းပြင်ပေါ်တွင်သာပစ်ချထားလိုက်ပြီး မျက်စိရှေ့ကခုံတစ်လုံးကို အားဖြင့်ကန်လိုက်​သည်။

ဒေါသကြောင့် မျက်ခမ်းစပ်တွေချက်ချင်းနီရဲတက်လာကာ လက်တွေလည်းတဆတ်ဆတ်တုန်လို့နေ​၏။ ရေခဲသေတ္တာထဲကရေတစ်ဘူးကိုယူသောက်ဖို့လုပ်လိုက်ပေမယ့် တုန်နေသောလက်တွေကြောင့် ရေသန့်ဘူးတောင်ပြုတ်ကျသွားသည့်အခါ ဒေါသရဲ့အရှိန်တွေကြောင့် ရေခဲသေတ္တာတံခါးကိုလည်း ဆောင့်ပိတ်လိုက်သည်။

"အချစ်ကလေး" ဆိုသည့်နာမ်စားကိုသုံးပြီး သိမ်းကျုံးဖက်လိုက်တဲ့လူနဲ့အတူ အိမ်ထဲဝင်သွားတဲ့မြင်ကွင်းကမျက်လှည့်အပြခံလိုက်ရသလိုပဲ။ ဒီိလိုနာမ်စားမျိုးကို သူတောင်တစ်ခါမှမသုံးခဲ့ဖူးဘူး။ အဆိုးဆုံးက ရှောင်းကျန့်ဆိုတဲ့လူ သူ့လက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေကိုတောင် သတိမရတော့ဘဲ အဲ့ဒီကောင်ကိုပြုံးပြပြီး အိမ်ထဲတန်းခေါ်သွားခဲ့တာ။

ဝမ်ရိပေါ် နားထင်ကြောတွေပြတ်လုမတတ်ကိုက်ခဲလာသော ခေါင်းကို တင်းကြပ်စွာဖိကိုင်ထားလိုက်ပြီး ခေါင်းပေါက်မတတ်စဉ်းစားလို့နေသည်။သာမန်ရိုးရိုးခင်ရုံလောက်နဲ့တော့ ရှောင်းကျန့်က ကြည်ကြည်ဖြူဖြူအဖက်ခံပြီး အပြုံးတွေကို ရက်ရက်ရောရောပေးနေမှာမဟုတ်ဘူး။

ဆံပင်တွေကိုရဲပတောင်းခတ်နီရဲအောင်ဆိုးထားတဲ့အဲ့ဒီကောင်ရဲ့ပုံက ရှောင်းကျန့်ဆိုတဲ့လူသား အကြိုက်မှမဟုတ်တာ။ဒါပေမယ့်တရားသေပြောလို့လည်းမရဘူး။ သူ့တုန်းကလည်း တစ်ခေါင်းလုံးအစိမ်းရောင်ဖြစ်နေခဲ့တာတောင် ပြန်ကြိုက်ခဲ့သေးတာမဟုတ်ဘူးလား။

သူညတိုင်းဖုန်းပြောဖို့ကြိုးစားလည်း လိုင်းမအားဘူးဆိုပြီးဖြစ်နေတာ အဲ့ကောင်ကြောင့်လား။ ရှောင်းကျန့်ရဲ့နှလုံးသားထဲပြန်ဝင်ဖို့ပြန်ကြိုးစားနေလည်း အရာမထင်ဖြစ်နေရတာ အဲ့ကောင်ကြောင့်ပဲလား။ ဘာလို့ရှောင်းကျန့်ရဲ့ဘေးမှာသူမဟုတ်တဲ့ကောင်တစ်ကောင်က အမြဲတမ်းရှိနေရတာလဲ။ ဟိုတုန်းကရော၊ အခုရော။

Milestone 105Where stories live. Discover now