အပိုင်း(၇) Zawgyi

129 18 0
                                    

တစ်လကြာပြီးနောက်...

ဒီနေ့နေ့လယ် ၁၁ နာရီ စာသင်ဝိုင်းက အိမ်ရှင်မိသားစု ခရီးသွား၍ ရပ်နားထားတာကြောင့် ရှောင်းကျန့်လက်ရှိအတန်းချိန်ပြီးသည့်အခါ ကျင်းဟွာ တက္ကသိုလ် ဘက်သို့ ခဏတစ်ဖြုတ်သွားဖို့ ခြေဦးလှည့်လိုက်သည်။

သူတက်ခဲ့သည့် ရူပဗေဒ ဌာနက ဌာနမှူးတွေကို ဝင်နှုတ်ဆက်ဖို့ အပြင် တစ်ယောက်သောသူနဲ့လည်း နေ့လယ်စာ စားချိန်အတူရှိချင်၍ ပင်။ သူတို့နှစ်ယောက် မနက်စာနဲ့ ညစာကလွဲ၍ နေ့လယ်စာ အတူစားချိန်တွေမှာ မရှိသလောက်ရှားတာဖြစ်သည်။

ရှောင်းကျန့် ဖုန်းထုတ်၍ ဝမ်ရိပေါ်ဆီသို့စာပို့လိုက်သည်။

"ကော ကျောင်းကို ခဏလာခဲ့မလို့...နေ့လယ်စာ စားဖို့စောင့်နေ..."

"တင်းတောင်..."

ဖုန်းထဲသို့ စာဝင်သည့်အသံကြားသောအခါ ဝမ်ရိပေါ်ကြည့်လိုက်လျှင်ပဲ ခေါင်းထဲပူထူသွားသည်။ သူရောက်နေတဲ့ နေရာက ကျောင်းနဲ့တော်တော်ဝေးနေတာဖြစ်သည်။ ဓာတ်ပုံရိုက်တာက အခုမှပြီးတာဖြစ်ပြီး မိတ်ကပ်တောင် မဖျက်ရသေးသလို အဝတ်အစားတွေလည်းမလဲရသေးတာဖြစ်သည်။ ပြီးတော့ ဒီနေ့က သူမနက်ပိုင်း စာသင်ချိန် နှစ်ချိန်ကို လွတ်ထားခြင်းပင်။

"အင်း စောင့်နေနော် ကျန့်ကော...ကျွန်တော့်အတန်းက နည်းနည်းလေးတော့ နောက်ကျလိမ့်မယ်...ဗိုက်ဆာရင်တော့ စားထားနှင့်..."

"ရတယ် အေးဆေး ကောလည်း သိပ်ဗိုက်မဆာသေးဘူး...ကော ဌာနက လူတွေကို လည်း သွားနှုတ်ဆက်လိုက်ဦးမယ်...မတွေ့ရတာကြာပြီဆိုတော့..."

"အင်း ကျန့်ကော..."

ဝမ်ရိပေါ် လက်ထဲကဖုန်းကို ချပြီး မိတ်ကပ်ဖျက်ပေးမည့်သူရှေ့သို့သွားကာ...

"ဆယ်မိနစ်အတွင်းဖျက်ပေးပါ..."

သူတောင်းဆိုသည့်အတိုင်း မိတ်ကပ်ဆရာက လုပ်ပေးပြီးနောက် ဝမ်ရိပေါ် သူ့ကိုယ်ပေါ်က အင်္ကျီတွေကို ချွတ်၍ သူ့ကိုယ်ပိုင်အဝတ်အစားများဖြင့် ပြန်လဲလှယ်လိုက်သည်။

မနက်က ဝတ်လာသည့် အင်္ကျီမှာတီရှပ်မဟုတ်ဘဲ ရှပ်အင်္ကျီဖြစ်နေတာကြောင့် ကြယ်သီးတွေကိုလည်း အမြန်တပ်နေရ​၏။ ပြီးလျှင် ဆိုင်ကယ်ပေါ်ကိုတက်ကာ ကျင်းဟွာ တက္ကသိုလ်တည်ရှိရာဘက်သို့ တရှိန်ထိုး မောင်းထွက်လာတော့သည်။

Milestone 105Where stories live. Discover now