အပိုင်း(၁၃) Unicode

1.3K 152 2
                                    

အလယ်တန်းနဲ့ အထက်တန်းတွေ စာမေးပွဲပြီးသွားတဲ့အခါ ရှောင်းကျန့် တစ်လကျော်ခန့်အနားရနေ​၏။ နောက်တစ်လလောက်ဆိုတက္ကသိုလ်ကျောင်းသားတွေရဲ့ စာမေးပွဲတွေလာတော့မည်ဖြစ်သည်။

ရှောင်းကျန့် သူအနားရနေသည့်ကာလတွင် အိမ်မှာပဲနေသည်။ တစ်နှစ်လုံးအိမ်မကပ်နိုင်ဖြစ်ခဲ့ရခြင်းအတွက်အတိုးချနေခြင်းဖြစ်သည်။ စောစောထတတ်တဲ့အကျင့်အရ မနက် ၇ နာရီလောက်ကတည်းက သူနိုးလေ့ရှိသည်။ နိုးတာနဲ့ ရေမိုးချိုးမနက်စာ ပြင်ပြီးအိမ်သန့်ရှင်းရေးလုပ်သည်။

လုပ်စရာမရှိရင်တော့ အရင်က ရူပဗေဒစာအုပ်တွေကိုပြန်ထုတ်ပြီး လေ့လာတတ်သည်။ နောက်နှစ်ကုန်ရင် သူလည်း ကျောင်းပြန်တက်ရတော့မှာဆိုတော့ စာတွေနဲ့လုံးဝတုံးတိအဆက်မပြတ်သွားအောင်လေ့လာနေခြင်းဖြစ်သည်။ အချိန်တွေကို အလဟဿ ဖြုန်းရတာမကြိုက်တဲ့ သူ့အတွက် ဒီလိုအချိန်က စာလေ့လာဖို့အချိန်ကောင်းပင်ဖြစ်သည်။

"တင်းတောင်..."

ရှောင်းကျန့် အိမ်ရှေ့ခန်း၌သူနဲ့သက်ဆိုင်တဲ့ဘာသာရပ်ကိုလေ့လာနေရင်း တံခါးဘဲလ်သံကိုကြားလိုက်ရသည်။ ဘယ်သူများလဲလို့ တွေးမိပေမယ့် သူ့အိမ်ကိုလာလည်စရာလူလည်းမရှိ။

"တင်းတောင်..."

"တင်းတောင်..."

သုံးခေါက်မြောက်မြည်လာသည့်အခါ ရှောင်းကျန့်နေရာမှထလိုက်ပြီး တိုက်ခန်းတံခါးကိုသွားဖွင့်လိုက်လျှင် ငါးယောက်ခန့်သော အထက်တန်းအရွယ်ကောင်မလေးများကိုတွေ့​၏။ လက်ထဲတွင်လည်း အရုပ်လေးတွေ၊လက်ဆောင်ဘူးလေးတွေကိုယ်စီဖြင့်။

ရှောင်းကျန့်ကိုတွေ့သည့်အခါ ကောင်မလေး ၅ယောက်ထဲမှ ဦးဆောင်လာဟန်ရှိသောသူက ချစ်စရာဟန်ပန်လေးဖြင့်...

"ဒီအိမ်က ရိပေါ်ကောကောရဲ့အိမ်လားဟင်..."

နာမည်အတိအကျကြီး တပ်မေးလာသည့်မေးခွန်းကို ရှောင်းကျန့် ချက်ချင်းပြန်မဖြေမိသေး။

"ဟင်...ရိပေါ်ကောကောရဲ့အိမ်လားလို့..."

"ဘာဖြစ်လို့လဲ..."

"မိန်မိန် တို့က ရိပေါ်ကောကောရဲ့ ဖန်တွေပါ...ကြော်ငြာဓာတ်ပုံတွေရိုက်တဲ့ ရိပေါ်ကောကောကို မိန်မိန်တို့ အရမ်းကြိုက်လို့ သူနဲ့ကြော်ငြာရိုက်ဖူးတဲ့သူဆီထိသွားပြီး လိပ်စာတောင်းလာတာပါ...ဒါ ရိပေါ်ကောကောအိမ်မလား..."

Milestone 105Where stories live. Discover now