အပိုင်း(၁၆) Unicode

1.4K 154 1
                                    

ဘေကျင်းမြို့နာမည်ကြီး ဟိုတယ်တစ်ခု​၏ အပေါ်ဆုံးထပ်တွင် လုပ်ငန်းရှင်များအတွက် တွေ့ဆုံပွဲများ ပြုလုပ်လျှင်အသုံးပြုသော VIP အစည်းအဝေးအခန်းကျယ်များရှိ​၏။ ထိုသီးသန့်အခန်းများအနက် အကြီးဆုံးသော အခန်းတစ်ခုထဲ၌ လုပ်ငန်းရှင်များအသီးသီးရောက်ရှိလို့နေကြသည်။

နှစ်နဲ့ချီပြီးလိုက်ခဲ့ရတဲ့ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုက အောင်မြင်ဖို့နီးကပ်လာသည့် အခါ အစုရှယ်ယာဝင်ဖို့ နိုင်ငံတစ်ဝှမ်းကလုပ်ငန်းရှင်တွေတော်တော်စိတ်ဝင်စားကြတာဖြစ်သည်။

ဒီစီမံကိန်းက အစကတော့ဖြစ်နိုင်ချေနည်းခဲ့တာရော၊ တစ်ဖက်က ဦးဆောင်သည့်သူက အသက်ငယ်ရွယ်ပြီးမျိုးရိုးလုပ်ငန်းစုကိုဆက်ခံတာ သိပ်မကြာသေးတာကတစ်ကြောင်းကြောင့် ဝါရင့်လုပ်ငန်းရှင်တို့က သိပ်မယုံရဲခဲ့တာပင်။အခုတော့ အောင်မြင်မှုအကျိုးအမြတ်က လက်တစ်ကမ်းမှာဖြစ်နေသည့်အခါ သူ့ထက်ငါအပြိုင် ရှယ်ယာဝင်ချင်နေကြတာဖြစ်သည်။

ဟိုတယ် အစည်းအဝေး ခန်းမအလယ်တွင် ဘဲဥပုံစားပွဲကြီးက တည်ရှိနေတာဖြစ်ပြီး ထိုစားပွဲအလယ်တွင်တော့ အားလုံး မျက်စိကျနေသည့် စီမံကိန်း​၏အဆောက်အဦးပုံစံငယ်လေးတွေရှိနေတာဖြစ်သည်။

ထိုပုံစံငယ်လေးမှာ ရုတ်တရက်ကြည့်လိုက်ပါကအပန်းဖြေစခန်းတစ်ခု​၏ ပုံစံကဲ့သို့ပင်ဖွဲ့စည်းထားခြင်းဖြစ်သည်။သို့သော်လည်း ထိုစီမံကိန်းမှာ အပန်းဖြေစခန်းဆောက်လုပ်ဖို့မဟုတ်။လုံးချင်းအိမ်လေးအများအပြားကို မြေယာကြီးတစ်ခုပေါ်မှာ သူ့ဝန်းလေးနဲ့သူ သဘာဝဆန်ဆန်ဆောက်လုပ်မည့်ပုံလေးပင်ဖြစ်သည်။

လုံးချင်းအိမ် ၄ လုံးကို အိမ်ဆောင်စုတစ်ခုအဖြစ်အချိုးချထားတာဖြစ်ပြီး အိမ်ဆောင်စုတစ်ခုအတွက် သီးသန့်ရေကူးကန်ရှိသည်။ ထိုအိမ်ဆောင်စုအလယ်ဗဟိုတွင် ပန်းခြံလေးတစ်ခုနှင့် ရေပန်းလေးတစ်ခုအလှဆင်ထားသည်။လုံးချင်းအိမ်လေးတွေတစ်ခုနှင့်တစ်ခုကြားတွင် အုတ်တံတိုင်းနံရံများအစား အနွယ်ပင်အမျိုးအစားပန်းပင်များကိုပုံစံသွင်းကာ ပန်းနံရံတံတိုင်းများအဖြစ်အသုံးပြုထားတာဖြစ်သည်။

Milestone 105Where stories live. Discover now