🕊💌🕊

1.7K 145 17
                                    

အနောက်နိုင်ငံတစ်ခုတွင်ဖြစ်သည်။

မြို့ပြတွေနဲ့အင်မတန်ဝေးလံသည့်ဒေသတွင်သတင်းတစ်ခုထွက်ပေါ်လို့နေ​၏။

ထိုဒေသ​၏ဒေသခံတွေရဲ့ဝမ်းရေးအတွက် အားကိုးအားထားရာပင်လယ်ကမ်းစပ်တွင် လျှပ်စစ်စီးကြောင်းတွေ ဖြစ်ပေါ်နေတတ်သည်ဟူသည့်သတင်းပင်ဖြစ်သည်။ပင်လယ်ရေနဲ့သွားထိရင်ဓာတ်လိုက်သလိုဖြစ်သွားတတ်တာကြောင့် ပင်လယ်ငါးဖမ်းသင်္ဘောတွေသိပ်မထွက်ရဲကြ။

ထိုသို့ပင်လယ်စာလုပ်ငန်းတွေ အရင်လို ကျယ်ကျယ်ပြန့်ပြန့်မဖြစ်ထွန်းတော့တာကြောင့် တဆင့်စကားတဆင့်ကြားပြီးထိုသတင်းက နိုင်ငံအာဏာပိုင်တွေအထိတောင်ပေါက်ရောက်ခဲ့တာဖြစ်သည်။

ထိုအခါအစိုးရအဖွဲ့အစည်းတွေက ပင်လယ်ရေထဲဖြစ်ပေါ်နေသည့် လျှပ်စီးကြောင်းတွေအကြောင်းကို တိတိပပသိရအောင် ချီကာဂိုမှသုတေသနအဖွဲ့အစည်းတချို့ကို ချိတ်ဆက်အကူအညီတောင်းခဲ့ကြ​၏။ထို့ကြောင့်ယခုတွင်မူ ဒီဒေသလေးမှာ သက်ဆိုင်ရာပညာရှင်အဖွဲ့အစည်းတွေရောက်ရှိနေသည်မှာ နှစ်လခန့်ပင်ရှိပြီဖြစ်သည်။

သုတေသန အဖွဲ့အစည်းများထဲတွင် ရူပဗေဒပညာရှင်များ၊ အဏ္ဏဝါကျွမ်းကျင်ပညာရှင်များ နှင့်ဘူမိဗေဒပညာရှင်များအဓိကထားပါဝင်ကြတာဖြစ်ပြီး ဒီဒေသလေးကိုစရောက်ကတည်းက မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်နေကြတာဖြစ်သည်။

နိုင်ငံအာဏာပိုင်များနှင့်ဆက်စပ်နေသည့် ကိစ္စဖြစ်တာကြောင့်ထောက်ပံ့ပေးထားသည့် အရာများမှလွဲ၍ကိုယ်ပိုင်ဆက်သွယ်ရေးကိရိယာများကို အသုံးပြုခွင့်မရှိ။ ထိုသို့ဆက်သွယ်ရေးကိရိယာများအသုံးပြုခွင့်မရှိသော်လည်း စာချင်းဆက်သွယ်မှုကိုတော့ ခွင့်ပြုထားတာဖြစ်သည်။

"စားလေ Dr. ရှောင်းကျန့်...ဒေသအစားအစာတွေကိုမကြိုက်တာလား နဂိုကတည်းက အစားနည်းတာလားရှင့်...စရောက်ကတည်းက အခုထိ ဟုတ်တိပတ်တိသိပ်မစားသလိုပဲ..."

ရှောင်းကျန့်သူ့အရှေ့ကအမျိုးသမီးကို အားနာစွာပြုံးပြလိုက်ပြီး...

"စားပါတယ်...ဖြည်းဖြည်းချင်းစားချင်လို့ပါ..."

"ဟုတ်ကဲ့ပါ...အဲ့တာဆို အေးဆေးသာစားပါ..."

Milestone 105Where stories live. Discover now