"ဘယ်သွားနေတာလဲ ကျန့်ကော..."
အိမ်နဲ့ တစ်နာရီကျော်ကြာ ကွာဝေးတဲ့ခရီးကို ဘတ်စ်ကားစီးပြီး ရောက်လာသည့်အခါ ဝမ်ရိပေါ်မေးလိုက်ခြင်းဖြစ်၏။ ကားမှတ်တိုင်နှင့်မနီးမဝေးမှာ အင်မတန်ဆိတ်ငြိမ်သည့် ရပ်ကွက်ငယ်လေးတည်ရှိလို့နေတာသိပေမယ့် ဒီကိုဘာလာလုပ်မှန်းတော့မသိ။
ဝမ်ရိပေါ်၏ လက်ကိုရှောင်းကျန့် မြဲမြံနေအောင် ကိုင်ဆွဲလိုက်ကာ...
"ဖြည်းဖြည်းပေါ့ သိရမှာပေါ့..."
ရှောင်းကျန့်ခေါ်ဆောင်ရာနောက်သို့ ဝမ်ရိပေါ် လိုက်ပါလာရင်း ခုနက သူလှမ်းကြည့်ခဲ့သည့် ရပ်ကွက်ငယ်လေးထဲသို့ရောက်လာသည်။ ထိုသို့လျှောက်လာရင်းပင် သူ့လက်ကိုဆွဲကိုင်ထားသူက ရပ်ကွက်အတွင်းပိုင်းမှာတည်ရှိတဲ့ လုံးချင်းတစ်ထပ်အိမ်လေးရှေ့တွင် ရပ်တန့်လိုက်သည်။
"တင်းတောင်..."
ထိုတစ်ထပ်အိမ်လေးရှေ့ရောက်တော့ ရှောင်းကျန့် လူခေါ်ဘဲလ်လေးကိုတီးလိုက်သည့်အခါ အိမ်ထဲမှလူတစ်ယောက်က ထွက်လာပြီး ပျူပျူငှာငှာဖြင့်...
"ရောက်လာပြီလား ခင်ဗျ...လွတ်လွတ်လပ်လပ်ဝင်ကြည့်ကြပါ..."
အထဲမှလူ၏ ဖိတ်ခေါ်မှုကြောင့် ရှောင်းကျန့်နှင့်အတူ ဝမ်ရိပေါ် လိုက်ဝင်လာသည်။ အိမ်လေးမှာ သူ့ဝန်းသူ့ခြံနှင့် သပ်သပ်ရပ်ရပ်ရှိတာဖြစ်ပြီး ကားတစ်စီးစာဝင်ဆန့်သည့် ကားဂိုထောင်လေးလည်း ကပ်ရပ်ပါဝင်တာဖြစ်သည်။ ဝမ်ရိပေါ် ခြံဝန်းအတွင်းဟိုကြည့်ဒီကြည့် လုပ်နေစဉ် ရှောင်းကျန့်က လေသံလေးဖြင့်...
"ဒီအိမ်လေးကို ကောတို့နောက်နှစ်ကုန်လောက်ကျ ဝယ်မယ်ဆိုရင် ဘယ်လိုသဘောရလဲ..."
"ကျန့်ကော..."
"အင်း ကော ကြိုကြည့်ထားတာ ကြာပြီ...အခုမှရိပေါ်ကိုခေါ်လာဖြစ်တာ...အစက ကောဝယ်ပြီးသွားမှ ပြောပြမလို့ပဲ အခုတော့ ရိပေါ်ကြိုက်လားမကြိုက်လားအရင်ဆုံးသိချင်လို့..."
"လက်ရှိတိုက်ခန်းကရော..."
"အဲ့တာရောင်းပြီးတော့မှ စုထားတာတွေ ထပ်စိုက်ပြီး ဒီအိမ်ဝယ်မှာလေ..."
