အပိုင်း ၃၂၂ --- အပိုင်း ၃၂၃

675 58 0
                                    

အပိုင်း ၃၂၂ : စိတ်လှုပ်ရှားဖွယ် ကောင်းခြင်းနှင့် ပျင်းရိငြီးငွေ့ဖွယ် ကောင်းခြင်း

ရှောင်ပုတန်က ထွမ်းထွမ်းအား ကြည့်လိုက်ကာ၊ သနားချင် ဟန်ဆောင်ပြီး ပြုံးလိုက်သည်။ "နင်ကော နင့်ရဲ့ တာဝန်တွေကို ရှောင်လွဲသွားဖို့ မစဉ်းစားခဲ့ဖူးဘူးလား? နင်ကရော သူတို့နှစ်ယောက်က ငါ့ကို ဝိုင်းတိုက်နေကြတာကို ဘေးကနေ ရှောင်ပြီးမှ၊ ထိုင်ကြည့်နေဖို့ မတွေးထားခဲ့ဖူးဘူးလား?"

ထွမ်းထွမ်းသည် အချိန်အတန်ကြာအောင် ကြက်သေသေသွားခဲ့သည်။ သူမသည် ထိုကဲ့သို့သော အကြံမျိုးကို ကြံစည်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာနှင့် ရှောင်ပုတန်လေးထက် ခြေတစ်လှမ်း နောက်ကျသွားခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် သူမသည် ရှောင်ပုတန်လေးလောက် မျက်နှာပြောင်တိုက်နိုင်မည် မဟုတ်ချေ။

"ဘယ်ဟုတ်မလဲ၊ အစကတည်းက ငါက အသက်ကို စွန့်ပြီးမှ တိုက်နေခဲ့ရတာ!" သူမ၏ အသံသည် ယခင်ကထက် အများကြီး တိုးသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ပုတန်လေးက နှာမှုတ်လိုက်သည်။ "အိုး၊ ကျေးဇူးပြုပြီးမှ ဟန်ဆောင်မနေပါနဲ့။ တကယ်လို့ငါက ဒီတိုက်ပွဲမှာ ရှုံးသွားရင်တောင်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာထဲကို ဝင်လို့ရတယ်။ ဒီဝေစုက နင့်အတွက် သက်သက်ရည်ရွယ်ပြီးတော့ လုပ်ပေးထားတာ။ ဒါကိုတောင်မှ နင်က ဘေးကနေထိုင်ပြီး ကြည့်ချင်နေသေးတယ်။ ဘယ်အချိန်တုံးက ထမင်းအလကား စားရဖူးလို့လဲ?"

ထွမ်းထွမ်းသည် နောက်ထပ် မကျေနပ်ချက်များကို တင်ပြရန် စီစဉ်နေခဲ့သော်လည်း၊ ရှောင်ပုတန်လေးက သူမအား စကားတစ်ခွန်းတည်းနှင့် ပိတ်ပြောလိုက်သည်။ "ရွှေသမင်၊ အနက်ရောင် စိတ်ဝိညာဉ် မြွေနဂါး၊ ကောင်းကင်မြစ်နာရီ သစ်သီး၊ ခရမ်းရောင် ကျောက်စိမ်းဖရဲ၊ သန့်စင်သော မီးသစ်တော်၊ ရွှေရောင်မူလ သစ်သီး၊ စုန့်ကျန်း စိတ်ဝိညာဉ်မြွေ၊ ရတနာရှစ်ပါးကြက်၊ နှလုံးသားကိုးခု စာကလေး၊ ပုလဲငါး၊ ခရမ်းရောင်လျှပ်စီး မြွေပါ။ အိုး၊ ရေး၊ ပြီးတော့ အစိမ်းရောင် မိုးကြိုးနွယ်ပင်၊ မြစိမ်းရောင် မုန်ညင်းရွက်နဲ့ နဂါးအကြေးခွံ မြစ်စို့…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now