စာစဥ် ၂၄ : အပိုင်း ၁၈
အပိုင်း ၄၄၈ : ဒီကနေ့ ငါ့ရဲ့ကံ သိပ်မဆိုးပါလား
စီးရီးယပ် မဟာပဏ္ဍိတ၏ လူသားပုံစံမှာ ဝံပုလွေသားရေ ဝတ်စုံအား ဝတ်ထားသည့်၊ နှစ်မီတာကျော် ရှည်လျားသည့် ဧရာမ လူသန်ကြီး ပုံစံဖြစ်သည်။
သူ၏ အနက်ရောင် ဆံပင်များသည် သူ၏အနောက်တွင် ဖားလျားကျနေခဲ့ပြီး၊ သူ၏ အသွင်သဏ္ဌာန်မှာ ကြမ်းတမ်း၍ ခက်ထန်ပေသည်။ သူ၏ မျက်လုံးအစုံမှာ သွေးကဲ့သို့ နီရဲနေပြီး၊ သွေးများအပြည့်နှင့် ရေအိုင်နှစ်ခုပမာ ဖြစ်နေပေသည်။ သူတို့ထံမှနေ၍ အေးစက်၍ ရက်စက်သော အလင်းတန်းများကို တွေ့နိုင်သည်။
သူသည် လင်းဖုန်းအား အေးစက်စွာနှင့် ကြည့်လိုက်ကာ ပြောလိုက်သည်။ "လုံရဲ့၊ ဒါက မင်းပြောပြောနေတဲ့ လင်းဖုန်းဆိုတာလား"
လုံရဲ့က ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ၊ ဦးလေး"
"ရွှေကျီး မဟာပဏ္ဍိတကို သူက ဖိနှိပ်ထားတာလား" စီးရီးယပ် မဟာပဏ္ဍိတ၏ အနောက်မှာ အဘွားကြီး တစ်ယောက်သည် ထွက်ပေါ်လာခဲ့ကာ၊ လင်းဖုန်းအား ငြိမ်သက်စွာနှင့် ကြည့်လိုက်သည်။ လုံရဲ့က ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ၊ ဂိုဏ်းတူဒေါ်လေး၊ ရွှေကျီး မဟာပဏ္ဍိတက သူ့ရဲ့လက်အောက်မှာ ကျရှုံးသွားခဲ့တာပါ"
လင်းဖုန်းသည် ထိုအဘွားအိုအား ကြည့်လိုက်သည်။ သူမ၏ ခါးမှာ ကုန်းနေပြီး၊ သူမသည် အညိုရောင် ဝတ်စုံတစ်ခုအား ဝတ်ဆင်ထားသည်။ သူမ၏ အမူအရာမှာ တည်ငြိမ်နေပြီး၊ သူမအား ကြည့်ရသည်မှာ သာမန်ပင်ဖြစ်သည်။
သူမ၏ ကျင့်ကြံမှုအဆင့်သည် စီးရီးယပ် မဟာပဏ္ဍိတလောက် မမြင့်ပဲ၊ မသေဝိညာဥ် ပထမ အဆင့်တွင်သာ ရှိသေးသည်။ သူမ၏ သတ်ဖြတ်လိုစိတ် အော်ရာမှာလည်း မပြင်းထန်ပဲ၊ သူမသည် လုံရဲ့ကဲ့သို့ပင် သစ်ပင်အမျိုးအစား မိစ္ဆာနှင့် တူနေသည်။
သို့သော်လည်း ထိုအဘွားအိုအား ကြည့်လိုက်ကာ၊ လင်းဖုန်းသည် တစ်ခုခုက မှားနေသည်ဟု ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အဖြူရောင် အလင်းတန်း သစ်ပင်အမိုးအောက်တွင် နေနေရချိန်တွင်၊ သူမ၏ အမူအရာသည် စီးရီးယပ် မဟာပဏ္ဍိတနှင့် လုံရဲ့တို့ နှစ်ယောက်ထက်ပို၍ သက်တောင့်သက်သာ ရှိနေခြင်း ဖြစ်သည်။
أنت تقرأ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
مغامرة✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...