ဂန္တဝင် ဂိုဏ်းချုပ်
စာစဥ် ၂၀ : အပိုင်း ၉
အပိုင်း ၃၅၉ : ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်
လင်းဖုန်းသည် ဇူရီက အဖြူရောင်ကျောက်စိမ်း ကျောက်တုံးကြီးအား သန့်စင်၍ ကောင်းကင်ဘုံကျောင်းအား တည်ဆောက်ခဲ့သည်ကို တွေ့ရသောအခါ၊ သူ၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဝမ်လင်း၏ မူလဘူတသို့ ပြန်သွား၍ စစ်မှန်စွာ နေထိုင်ခြင်း၏ အရေးကြီးမှုကို သဘောပေါက်သွားခြင်းသည်၊ ဇူရီနှင့် ရှောင်ယန်တို့ကို အတွေးအမြင်သစ်များ မွေးဖွားစေနိုင်ခဲ့၍ ချီးကျူးရန် ထိုက်တန်လှပေ၏။
သို့သော်လည်း ထိုလမ်းကြောင်းသည် ဝမ်လင်း၏ လမ်းကြောင်းဖြစ်သည်။ ဇူရီနှင့် ရှောင်ယန်တို့ အနေနှင့်၊ ဒါသည် ကိုးကားမှု တစ်ခုသက်သက် ဖြစ်သည်။ အကယ်၍ သူတို့သည် ဝမ်လင်းအတိုင်း လိုက်လံကျင့်ကြံပါက၊ သူတို့၏ ကိုယ်ပိုင်စရိုက်များကို စွန့်ပစ်ကာ သူများနောက် လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဇူရီသည် ထိုအချက်အား သဘောပေါက်နေခဲ့သဖြင့်၊ သူသည် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ခဲ့သည်။ ဇူရီ၊ ရှောင်ယန်နှင့် ရှောင်ပုတန်တို့သည် ဝမ်လင်းအတိုင်း၊ စိတ်ဓာတ်ကြံ့ခိုင်၍ လွတ်လပ်စွာ နေလိုသူများ ဖြစ်ကြသည်။ သူတို့သည် အခြားသူများ၏ အကြံအစည်များ၊ စကားလုံးများကြောင့် လွယ်ကူစွာ စိတ်လှုပ်ရှားတတ်သူများ မဟုတ်ကြပေ။
ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့ပင် ယခုအဖြစ်အပျက်များကို လေ့လာသင်ယူနိုင်ခဲ့လျှင်၊ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချနိုင်ကြမည် ဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် ကျင့်ကြံမှုအဆင့် နိမ့်နေသေးသောကြောင့်၊ ချက်ချင်းတော့ နားမလည်နိုင်ကြသေးပေ။
တပည့်ခြောက်ယောက်သားတို့သည် အချင်းချင်း စိုက်ကြည့်လိုက်ကြကာ၊ တပြိုင်နက် ရယ်လိုက်ကြသည်။
ရှောင်ပုတန်သည် ပြုံးလိုက်ကာ ဝမ်လင်းအား ပြောလိုက်သည်။ "တတိယ စီနီယာ၊ စီနီယာ ရှုံးသွားပြီ။ သူတို့တစ်ယောက်ကိုမှ မဆွဲဆောင်နိုင်ခဲ့ဘူး"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...