အပိုင်း ၃၈၃ - ၃၈၄

543 51 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၁၃

အပိုင်း ၃၈၃ : တိုက်ပွဲအတွင်းမှ တစ်သမတ်တည်း ပြောင်းလဲမှုများ

ကျင့်ကြံမှု ကမ္ဘာအတွင်းတွင်၊ ကျင့်ကြံမှုအဆင့် တစ်ဆင့်နှင့် တစ်ဆင့် အကြားဝယ်၊ ကြီးမားသော ကွာဟချက်များ ရှိနေကြ၏။ ချီသာဝက အဆင့်၊ အခြေခံအုတ်မြစ် အဆင့်၊ ရွှေရောင်ဗဟိုချက် အဆင့်၊ အခြေတည်ဝိညာဥ် အဆင့်နှင့် အင်မော်တယ် ဝိညာဥ် အဆင့်တို့ ဖြစ်ကြ၏။ လူပေါင်းများစွာတို့သည် ကျင့်ကြံမှု အဆင့်တက်ရန် ကျရှုံးခဲ့ကြသည်။

အဆင့်ကြီး တစ်ခုအတွင်းတွင်လည်း၊ ကျင့်ကြံမှု အဆင့်ငယ်များအား ခွဲခြားထားသေးသည်။ အဆင့်ကွာခြားခဲ့လျှင် စွမ်းရည်များလည်း ကွာခြားကြမည် ဖြစ်သည်။

အင်မော်တယ် ဝိညာဥ် အဆင့်အောက်တွင်၊ အဆင့်တစ်ခုနှင့် တစ်ခုအကြား ကွာခြားချက် အကြီးမားဆုံး ခြားနားချက် သုံးခုတို့မှာ၊ အစဥ်အလိုက် အောက်ပါအတိုင်း ဖြစ်ကြ၏။ အခြေတည်ဝိညာဥ် အလယ်အလတ်နှင့် နောက်ဆုံး အဆင့်၊ ရွှေရောင်ဗဟိုချက် အဆင့် အလယ်အလတ်နှင့် စဦးပိုင်းအဆင့်၊ ချီသာဝက အဆင့်၁၁နှင့် အဆင့် ၁၂တို့ ဖြစ်ကြသည်။

အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်နှင့် နောက်ဆုံးအဆင့်တို့၏ ကြီးမားသော ခြားနားချက်မှာ၊ စကြာဝဠာ ပုံသဏ္ဌာန်ကြောင့်ပင် ဖြစ်သည်။

စကြာဝဠာ ပုံသဏ္ဌာန်သည် ကျင့်ကြံသူ တစ်ယောက်၏၊ တစ်သက်သာ ကျင့်ကြံမှုနှင့် မှော်စွမ်းအင်များ၏ အနှစ်သာရကို ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်၏။ ဒါသည် အင်မော်တယ် ဝိညာဥ်ကို မဖော်ဆောင်နိုင်သေးသည့်၊ အခြေတည်ဝိညာဥ်၏ အဆုံးစွန် အခြေအနေပင် ဖြစ်သည်။

ရှကျိုးမှ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားတွင် အခြေတည်ဝိညာဥ် စဦးပိုင်း အဆင့်မှ မြောင်ရှီးဟောင်သည်၊ အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်မှ ယုချင်းစန်းအား ရင်ဆိုင်ခဲ့ရသည်။ နိုင်ပွဲရရန်မှာ ခက်ခဲသော်လည်း၊ သူသည် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

ယခုမူ သူသည် အခြေတည်ဝိညာဥ် အလယ်အလတ် အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်၍၊ ယုချင်းစန်းနှင့် ထပ်မံယှဥ်ပြိုင်ရလျှင် အနိုင်ယူနိုင်တော့မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now