အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်

442 45 0
                                    

စာစဥ် ၃၁ : အပိုင်း ၁၅

အပိုင်း ၅၈၅ : ဝင်နှောင့်ယှက်တဲ့ သူတိုင်းကို မသန်စွမ်းအောင် လုပ်ပစ်မယ်

အမျက်ဒေါသကြီးစွာနှင့် ရှီထျန်းရီ၏ ခန္ဓာကိုယ်သည် သွေးအိုင်ကြီး တစ်ခုအဖြစ်သို့ ပျော်ဝင်သွားခဲ့သည်။

ရှီထျန်းဟောင်သည် သူ၏ကျောရိုးကို ခြေမွလိုက်ကာ သူ၏ခန္ဓာကိုယ်အား ဖျက်ဆီးလိုက်သော်လည်း သူ၏ စွမ်းအားများမှာ တစ်စက်မှ လျော့မကျသွားခဲ့ပေ။ သူသည် သူ၏ ခန္ဓာကိုယ်အား သွေးများအဖြစ်သို့ ပြောင်းလိုက်ကာ အားကြီးလှသော ခွန်အားများဖြင့် ဤမှော်ကျိန်စာ၏အောက်မှ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် ပျောက်ပြယ်သွားခဲ့သော်လည်း သူ၏ညာမျက်လုံးမှာမူ ကျန်နေခဲ့သည်။ သူသည် အလင်းတန်းများကို ထုတ်လွှတ်နေကာ ပျောက်ကွယ်တော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

သူ၏ စိတ်ဝိညာဥ်နှင့် အခြေတည်ဝိညာဥ်တို့ နှစ်ခုစလုံးတို့မှာ ထိုမျက်လုံး၏ အပေါ်တွင် ရှိနေကြသည်။

သူသည် မည်သို့ပင် ကြိုးစားသော်လည်း ရှီထျန်းဟောင်၏ မူလ မြင့်မြတ်သော အလင်းတန်းနှင့် ခရမ်းရောင် ဓာတ်ငွေ့တို့ကို မကျော်လွှားနိုင်ခဲ့ပဲ သူ၏ နောက်ဆုံး မြင့်မြတ်သော အလင်းတန်းသည် လျှင်မြန်စွာနှင့် စုဆောင်းခြင်းကို ခံနေရသည်။

အလွန်အမင်းကို ဆိုးရွားသော ဒဏ်ရာများနှင့် အသက်ကိုပင် အနိုင်နိုင် ရှူနေရသော်လည်း ရှီထျန်းဟောင်သည် မောပန်းသော အရိပ်အရောင်များကို မပြသနေပေ။

ပုခုံးအပေါ်သို့ ဝဲကျနေသော ဆံပင်ရှည်များနှင့်အတူ သူ၏ ကြည်လင်သော မျက်နှာတွင် မရပ်တန့်နိုင်သော စိတ်ပိုင်းဖြတ်မှုအား တွေ့နိုင်သည်။

"ဒါပဲလေ" ရှီထျန်းဟောင်သည် ရှီထျန်းရီထံမှ ကျန်နေသော အရာများကို ကြည့်၍ပြောလိုက်၏။

ရွှမ်းလင်သူတော်စင်သည် ရုတ်တရက် ချောင်းဆိုးလိုက်ရာ သူ၏ စွမ်းအားများမှ အဖြူရောင် တိမ်တိုက်များသည် ထိုနှစ်ယောက်ထံသို့ လွင့်သွားခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် လင်းဖုန်း၏ တားဆီးခြင်းအား ခံလိုက်ရ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now