စာစဥ် ၃၂ : အပိုင်း ၃
အပိုင်း ၅၉၃ : ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ နှစ်မျိုးက ဝန်းရံတိုက်ခိုက်ခြင်း
ကောင်းဟန်နှင့် ရွှမ်းလင်သူတော်စင်တို့သည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါတို့အား အတူတကွ ဝိုင်း၍ တိုက်ခိုက်လိုက်ကြသည်။ ဝင်္ကပါချိုးဖောက်ဗုံက ဤအခွင့်အရေးကို အပိုင်အသုံးချကာ ဝင်္ကပါအတွင်းမှ လွတ်မြောက်သွားခဲ့သည်။
မည်းနက်နေသော စကြာဝဠာ အတွင်းတွင် ဟင်းလင်းပြင် ယင်ယန်နာရီက ထပ်မံပေါ်ပေါက်လာခဲ့၏။ ဟင်းလင်းပြင် လေဟာနယ်တို့၏ တားမြစ်ထားသော စွမ်းအားများသည် ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ကူညီ၍ တားဆီးပေးခဲ့သည်။
ထိုကဲ့သို့သော ခက်ထန်သည် ဝင်္ကပါနှင့် ရင်ဆိုင်ရသောအခါ ကောင်းဟန်နှင့် ကျန်သောသူများ၏ မျက်ခုံးများက ပင့်တက်သွားကြသည်။ "ဒါက အန္တိမယင်ယန် ဟင်းလင်းပြင်ဝင်္ကပါလိုမျိုး စွမ်းအားကြီးတဲ့ ဝင်္ကပါတစ်ခုဖြစ်တယ်"
ဝင်္ကပါချိုးဖောက်ဗုံသည် အခြားဝင်္ကပါများကို နှောင့်ယှက်ဟန့်တားနေကျဖြစ်သဖြင့်သာ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါအား ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အခြား မဟာယာနအဆင့်မှ မှော်ရတနာများ သို့မဟုတ် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ ကျင့်ကြံသူများက ဤဝင်္ကပါအတွင်းတွင် ပိတ်မိနေခဲ့ပါက အန္တရာယ် ကြီးမားစွာ ကြုံတွေ့နိုင်မည် ဖြစ်၏။
ဝင်္ကပါချိုးဖောက်ဗုံသည် ဝင်္ကပါအတွင်းမှ လွတ်မြောက်လာခဲ့သည်နှင့် ဗုံသံများက တိတ်ဆိတ်သွားခဲ့ကာ လင်းလက်လှသော အလင်းတန်းတစ်ခုကို ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် ယင်ယန်နာရီမှလည်း တောက်ပသော အလင်းတန်းများဖြင့် ထိုးတက်လာခဲ့၏။
ကောင်းဟန်သည် သူ၏ခေါင်းအား လှည့်လိုက်ကာရွှမ်းလင်သူတော်စင်အား ကြည့်လိုက်သည်။ "မင်းက ဗုံနတ်သားကို ကူညီလိုက်ပါ" ရွှမ်းလင်သူတော်စင်က သူ၏ခေါင်းကို ညိတ်လိုက်ကာ သူ၏ လက်ဝါးများကို စုစည်းလိုက်၍ မှော်ကျိန်စာတစ်ခုအား ထုတ်ဖော်လိုက်သည်။ သူသည် ကောင်းကင်ဖျက်ဆီးခြင်း သစ်သီးကို စတေးလိုက်ကာ ဝင်္ကပါချိုးဖောက်ဗုံအား ဝန်းရံထားသည့် ရွှေရောင်အလင်းတန်းများ အတွင်းသို့ ထည့်သွင်းလိုက်သည်။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...