အပိုင်း ၃၄၀ : ကြယ်တာရာကိုးစင်း ကောင်းကင်ချေမှုန်း ဝင်္ကပါ
လင်းဖုန်းသည် ရှောင်ယန်နှင့် ဟာသများ မပြောနေနိုင်တော့ပေ။ သူ၏မှော်စွမ်းအင်ဖြင့် ရှောင်ယန်အား လွှမ်းခြုံလိုက်ကာ၊ လေဟာနယ်ကို ချိုးဖောက်၍ မြောက်ပိုင်းလေပြင်း ပင်လယ်သို့ လျှင်မြန်စွာ ထွက်ခွာသွားခဲ့လေသည်။
လင်းဖုန်း ရောက်ရှိခဲ့သော အချိန်တွင်၊ မတတ်နိုင်ခဲ့ပဲ အံ့ဩတုန်လှုပ်သွားရလေသည်။
အဆုံးမဲ့ မြောက်ပိုင်းလေပြင်း ပင်လယ်တစ်ခုလုံးသည် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ပင်လယ်ရေပြင်အားလုံးတို့သည် အငွေ့ပျံသွားကြပြီ ဖြစ်ပြီး၊ ကျန်နေခဲ့သည်မှာ ကြီးမားနက်ရှိုင်းသော ချိုင့်ဝှမ်းကြီး တစ်ခုသာ ဖြစ်သည်။
ပတ်ဝန်းကျင် အနေအထားများမှာ လုံးဝပြောင်းလဲသွားခဲ့၍၊ ရေကန်ကြီး တစ်ခုလုံးမှာ ခွက်ကြီးအလွတ် တစ်ခုအတိုင်း ဖြစ်နေခဲ့၏။
ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ၏ ဝင်ပေါက်သည် အစပထမတွင် မြောက်ပိုင်းလေပြင်း ပင်လယ်၏အောက်တွင် နစ်မြှုပ်ခံထားရသော်လည်း၊ ယခုအချိန်တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။
ရှီကျုံးယွဲ့၊ လောင်းကစား သူတော်စင်နှင့် အပြာရောင်ခန်းမ သူတော်စင်တို့သည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ၏ အပေါက်ဝအနားတွင် ရပ်နေကြရင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။
သူတို့သုံးယောက်၏ထံမှ ထွက်ပေါ်နေကြသော ခက်ခဲနက်နဲကာ ကျယ်ပြန့်လှသည့် မှော်စွမ်းအင်များသည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ ဝင်ပေါက်မှ လေဟာနယ် ယိုပေါက်အား ပိတ်ဆို့ထားနေကြသည်။
အချိန်ကာလ၊ လေဟာနယ်၊ အသက်စွမ်းအင်တို့၏ သဘောတရားများသည်၊ ကောင်းကင်နှင့် မြေကြီးတို့၏ အကြားတွင် လွန်းထိုးနေကြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် သတိတကြီးဖြင့် ရှေ့ဆက်တိုးနေကြသည်။
ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာဝင်ပေါက်၏ အထက်တွင်၊ ပုန်းကွယ်နေသော နဂါးချောက်သည် လေထုအလယ်တွင် လွင့်မျောနေခဲ့၏။ ထိုချောက်သည် ပြောင်းပြန်အနေအထားဖြင့် ကျဆင်းလာခဲ့ကာ၊ ချောက်၏ ဝင်ပေါက်မှနေ၍ အလင်းတန်း မြောက်မြားစွာတို့ကို ထုတ်လွှတ်နေခဲ့သည်။ အလင်းတန်းများ၏ အတွင်းတွင် လေဟာနယ်များသည် အဆက်မပြတ် ပြောင်းလဲနေကြ၍၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာနှင့် ဆက်သွယ်ရန် ကြိုးစားနေခဲ့သည်။
ВЫ ЧИТАЕТЕ
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Приключения✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...