စာစဥ် ၃၄ : အပိုင်း ၁၉
အပိုင်း ၆၄၉ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ဂျူနီယာ တပည့်များ
တုတင်းသည် သူ၏စွမ်းအားများကို ရွှေရောင်အလင်းတန်း တစ်တန်းပြီးမှတစ်တန်းအဖြစ် စုစည်းလိုက်ကာ ချပ်ပြားတစ်ခု အသွင်ကို ဖန်ဆင်းလိုက်သည်။ ထိုချပ်ပြား လည်ပတ်လာသည်နှင့် အတွင်းမှနေ၍ ရွှေရောင်အလင်းတန်း ခြောက်တန်း ပေါ်ထွက်လာခဲ့သည်။ သူတို့သည် လွှတစ်ချောင်းမှ သွားများနှင့် တူနေပေသည်။ ချပ်ပြား၏ လည်ပတ်နေမှုနှင်အတူ သူတို့ကလည်း လည်ပတ်နေခဲ့သည်။
ထိုရွှေရောင်အလင်းတန်း ခြောက်တန်းတို့သည် အသွေးအသားများကို ဖြတ်တောက်ခြင်း မဟုတ်ပဲ ပြိုင်ဘက်၏ စိတ်ဝိညာဥ် စွမ်းအင်များကို ဖြတ်တောက်ကြခြင်း ဖြစ်သည်။ သူတို့သည် ပြိုင်ဘက်၏ စိတ်ဝိညာဥ်အား နှစ်ပိုင်းပိုင်းချင်နေကြခြင်း ဖြစ်သည်။
ယင်းလော်ရှသည် သရော်သလိုနှင့် ရယ်လိုက်ကာ သစ်ပင်ပေါ်မှ ခုန်ချလာခဲ့သည်။ ရှုယွင်စန်းက သူ့အား တားဆီးလိုက်၏။ "အလျှင်စလို မလှုပ်ရှားနဲ့"
သူ၏စကားဆုံးသည်နှင့် ရှုယွင်စန်းသည် မှော်ကျိန်စာတစ်ခုကို ဖော်ဆောင်လိုက်ကာ ကောင်းကင်နှင့် မြေကြီးတို့မှ စိတ်ဝိညာဥ် စွမ်းအင်များကို စုဆောင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းသွားကာ တုတင်း၏ ချပ်ပြားကို တိုက်ခိုက်လိုက်သည်။
"ကောင်းကင်နှင့် မြေကြီးတို့ရဲ့ မှော်ကျိန်စာရှစ်ခု၊ ကောင်းကင်နှင့် မြေကြီးတို့အား ထိုးဖောက်ခြင်း"
ထိုအလင်းတန်း လင်းလက်လာသည်နှင့် တပြိုင်နက် တုတင်း၏ ချပ်ပြားသည် ကွဲကြေသွားခဲ့သည်။
တုတင်းနှင့် နာမည်အရင်းမှာ မုန့်ပေ ဖြစ်သော အကြီးအကဲမုန့်တို့ နှစ်ဦးသားတို့သည် အံ့ဩတုန်လှုပ်သွားကြသည်။
လင်းဖုန်းသည် ထိုမြင်ကွင်းကို ယုကျင်းတောင်ပေါ်မှ ကြည့်နေရင်းနှင့် ရယ်လိုက်ကာ ခေါင်းကိုခါလိုက်သည်။
ဤသုံးနှစ် အတောအတွင်းတွင် အခြေခံတပည့် များစွာတို့သည် စမ်းသပ်မှုကို အောင်မြင်ခဲ့ကာ ဆက်ခံသူ တပည့်များ ဖြစ်လာကြသည်။ လင်းဖုန်းနှင့် ကျန်သောသူများသည် သူတို့၏ စစ်ဆေးမှုများကို ယခင်ကဲ့သို့ တင်းကျပ်ထားဆဲ ဖြစ်သော်လည်း ဆက်ခံသူ တပည့်များ၏ အရေအတွက်သည် တိုးပွားလာခဲ့သည်။
BẠN ĐANG ĐỌC
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Phiêu lưu✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...