အပိုင်း ၃၂၀ --- အပိုင်း ၃၂၁

627 62 5
                                    

အပိုင်း ၃၂၀ : လူဆိုးလူညစ်

ပုန်းကွယ်နေသော နဂါးချောက်၏ ပြင်ပတွင် ကြည့်ရှုနေကြသော ပရိသတ်ကြီးများမှာ၊ ခေါင်းတစ်ညိတ်ညိတ်နှင့် ချီးကျူးထောပနာ ပြုနေကြသည်။ "တောက်တီကလန်ရဲ့ ဝါးမျိုနိုင်စွမ်းက အစွမ်းထက်လှပါပေတယ်!"

"ဟုတ်တယ်၊ ဟုတ်တယ်။ သူမမှာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်တောင် ရှိသေးတယ်။ ရိုးသားစွာနဲ့ ပြောရရင်၊ ဒါကို လုံးဝ ထင်မထားမိဘူးဗျာ"

"အဲ့ဒီလောက်လည်း မဟုတ်ပါဘူး။ ဒါက သူမကို အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က ပေးထားတာ ဖြစ်ရမယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှာက မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ကျင့်ကြံနိုင်တဲ့ နည်းစနစ်တွေရှိတာ၊ လူတိုင်းသိနေတာပဲ"

"ဟုတ်တယ်။ ဥပမာ၊ ဂိုဏ်းခေါင်းဆောင်ရဲ့ တပည့်ကြီး ရှောင်ယန်က အကြွင်းမဲ့မီးတောက် နှစ်မျိုးဖြစ်တဲ့၊ ငရဲပြည်က ရောင်ခြည်နတ်ဆိုး မီးတောက်နဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ပိုင်ဆိုင်ထားတယ်။ ဒီလိုမျိုး စွမ်းအားနဲ့ဆိုရင်.. ဟင်း.. သူက ဒီအစည်းအဝေးကို ဒီတစ်ခေါက်မှာ မတက်လို့ တော်သေးတယ်။ မဟုတ်လို့ရှိရင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို ဘယ်လိုနည်းနဲ့မှ ရပ်တန့်လို့ရတော့မှာ မဟုတ်ဘူး"

"ဒီအကြောင်းပြောရရင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်က၊ ဒီသန့်စင်တဲ့ သွေးမျိုးဆက် တောက်တီလေးက သူ့ရဲ့ တရားမဝင်သေးတဲ့ တပည့်လို့ ပြောထားတယ် မဟုတ်လား? သူက နောက်နေတာတော့ မဟုတ်ပါဘူးနော်"

ပရိသတ်များ၏ ရင်ထဲတွင်၊ မသက်မသာမှုများကို ခံစားလိုက်ကြရ၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တကယ့်ကိုပဲ၊ ပါရမီရှင်တွေ မရှားပါလား"

သူတို့၏ မျက်စိထဲတွင် အလွန်အစွမ်းထက်လှသည့် ထွမ်းထွမ်းမှာ၊ ယခုအချိန်တွင် စိတ်ထဲမှနေ၍ ငိုကြွေးမြည်တမ်းနေခဲ့၍၊ ရှောင်ပုတန်လေးနှင့် သူ၏ တစ်ဆွေလုံး တစ်မျိုးလုံးတို့အား မေတ္တာပို့သနေသည်ကို၊ သူတို့က သိနိုင်မည် မဟုတ်ချေ။

သူမ သိရှိထားသည့် လူသားတို့၏ ကျိန်ဆဲသော စကားလုံးများအား၊ ရှောင်ပုတန်လေး၏ အပေါ်တွင် အကြိမ်ပေါင်းများစွာ အသုံးချပြီး ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeOnde histórias criam vida. Descubra agora