စာစဥ် ၃၂ : အပိုင်း ၆
အပိုင်း ၅၉၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းခေါင်းဆောင်ဟာ မိတ်ဆွေသာ ဖြစ်သင့်တယ်၊ ရန်သူမဖြစ်သင့်ဘူး
ဟင်းလင်းပြင် လေဟာနယ် အတွင်းတွင် အဖြူရောင် တိမ်တိုက်များနှင့် ရေးဆွဲထားသော နယ်နိမိတ်အတွင်းတွင် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ဆံပင်များနှင့် အကြီးအကဲ တစ်ယောက်က ငြိမ်သက်စွာနှင့် ရပ်နေခဲ့သည်။ သူသည် သူ၏လက်ဝါးကို ငုံ့ကြည့်နေခဲ့၏။
သူ့ညာလက်ညှိုး၏ ထိပ်ဖျားတွင် မှေးမှိန်သော ရွှေရောင်သွေးပုလဲလုံးလေး အချို့ကို တွေ့နေနိုင်၏။
သူ၏အနောက်တွင် ကောင်းဟန်၊ ရွှမ်းလင်သူတော်စင်နှင့် တင့်တယ်သောတိမ်တိုက် သူတော်စင်မယ်တို့သည် တစ်ယောက်ကိုတစ်ယောက် မျက်စိပျက် မျက်နှာပျက်ဖြင့် ကြည့်နေကြ၏။
သူတို့၏ မှတ်ဉာဏ်အတွင်းတွင် သူတို့၏အကြီးအကဲ ဒဏ်ရာရခဲ့သော နောက်ဆုံးအချိန်မှာ လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ခန့်က ကမ္ဘာနှစ်ခု၏ စစ်ပွဲအတွင်းတွင် ဖြစ်၏။
"ဆရာ.." ကောင်းဟန်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
ကျန်းရီသူတော်စင်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏နက်နဲသောအသံသည် ဟင်းလင်းပြင်တွင် ပဲ့တင်ရိုက်နေခဲ့သည်။ "ဒီကနေ့ တိုက်ပွဲမှာ ကျုပ်တပည့်က အရှုံးပေးလိုက်ပါတယ်။ ဟင်းလင်းပြင် ဘုရားကျောင်းက အလွန်ကို မယဥ်ကျေးရာ ကျခဲ့ပါတယ်။ ကျုပ်က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းနဲ့ တာအိုရောင်းရင်းတို့ကို ရိုးသားစွာနဲ့ တောင်းပန်ပါတယ်"
"ခင်ဗျားက နာမည်ကျော်တာနဲ့အညီ တော်လှပါတယ်။ အနာဂတ်မှာ ကျုပ်တို့ ပညာချင်း ဖလှယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လင်းဖုန်းက ပြောလိုက်၏။ "ခင်ဗျားဆန္ဒရှိရင် အခုလည်း လုပ်နိုင်ပါတယ်"
ဟင်းလင်းပြင် လေဟာနယ် အတွင်းတွင် အဖြူရောင် တိမ်တိုက်များက ထစ်ချုန်းလာခဲ့ကာ စကြာဝဠာသည် ကစဥ့်ကလျား ဖြစ်သွားခဲ့၏။ ပြီးတာနှင့် ပြန်လည်တည်ငြိမ်သွားခဲ့ကာ ကျန်းရီသူတော်စင်သည် ကောင်းဟန်နှင့် ကျန်သောသူများကို အဝေးသို့ ပို့ခဲ့လိုက်ပြီး ဖြစ်သည်။
ŞİMDİ OKUDUĞUN
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Macera✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...