အပိုင်း ၄၆၃ - ၄၆၄ - ၄၆၅

547 57 0
                                    

စာစဥ် ၂၅ : အပိုင်း ၁၃

အပိုင်း ၄၆၃ : ခင်ဗျားရောက်လာမှာကို ကျုပ်က မလှုပ်ပဲနဲ့ စောင့်နေတယ်

ကမ္ဘာကြီးအား ချေမှုန်းနိုင်သော စွမ်းအားမှာ အလွန်အမင်းကို ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဒါသည် လင်းဖုန်း၊ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတ၊ လုံရဲ့နှင့် ကျန်သောသူများတို့၏ ကိုယ်ပိုင်စွမ်းအားတို့ဖြင့် နှိုင်းယှဥ်နိုင်သော စွမ်းအားများ မဟုတ်ပေ။ တိမ်တိုက်တောအုပ် ကမ္ဘာကြီးသည် အမှန်ပင် ပျက်စီးမှု လမ်းကြောင်းအပေါ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ဒါသည် မဟာကမ္ဘာ ပြိုကွဲခြင်းနှင့် နှိုင်းယှဥ်၍ မရသော်လည်း၊ အလွန့်ကို ကြောက်မက်ဖွယ် ကောင်းလှ၍ အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ ထိပ်သီးကျင့်ကြံသူများပင်၊ အနာတရမဖြစ်ပဲ ထွက်ခွာနိုင်မည်ဟု ယုံကြည်ချက်အပြည့် မရှိကြပေ။

ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ဤကဲ့သို့ ကြောက်ခမန်းလိလိ အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင်၊ အခြားထိပ်သီး ကျင့်ကြံသူများ၏ စုပေါင်းတိုက်ခိုက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသေးရာ၊ သူသည် တိုက်ခိုက်မည်လော၊ ထွက်ပြေးမည်လော ဟူသော အခြေအနေသို့ ကျရောက်သွားခဲ့သည်။

သူ၏ အကြည့်သည် ယခင်ကဲ့သို့ တင်းမာနေဆဲ ဖြစ်သည်။ သူသည် ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်၍၊ ချက်ချင်းပင် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါ၏ စွမ်းအားများကို ပြောင်းပြန်လှန်လိုက်သည်။ ပြောင်းပြန်လှန်လိုက်သော ဧရာမ စွမ်းအားသည် ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါအား လုံးဝပြိုကွဲသွားစေခဲ့သည်။

ထိုကဲ့သို့ အတွင်းမှ ပေါက်ကွဲထွက်လာသော စွမ်းအားများသည် သူ့အား တိမ်တိုက်တောအုပ် ကမ္ဘာ၏ ဖျက်ဆီးမှုစွမ်းအားများမှ ကာကွယ်နိုင်ရုံတင် မကပဲ၊ ယန်နန်းလိုင်နှင့် အခြားသူများ၏ တိုက်ခိုက်မှုများကို ယာယီကာကွယ်ပေးခဲ့သည်။

ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါတွင် အသုံးပြုထားသည့် မှော်ရတနာများသည်၊ ကြယ်တာရာကိုးလုံး ကြွေကျလာသကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeOnde histórias criam vida. Descubra agora