အပိုင်း ၅၂၉ - ၅၃၀ - ၅၃၁

521 54 10
                                    

စာစဥ် ၂၈ : အပိုင်း ၁၉

အပိုင်း ၅၂၉ : ပြတ်သားမှုအား နောက်ထပ် ပြသခြင်း

ရွှမ်းလင်သူတော်စင်သည် လင်းဖုန်းအား ငြိမ်သက်စွာ ကြည့်လိုက်ကာ၊ သူ၏ မျက်လုံးအစုံသည် တောက်ပလာခဲ့သည်။

"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်၊ ခင်ဗျားက စည်းကျော်သွားပြီ"

လင်းဖုန်းက သူ၏ မှတ်ချက်အား အသာအယာပင် ဖယ်ရှားလိုက်သည်။ "တခြားလူတွေ သတ်မှတ်ထားတဲ့စည်းက ကိုယ်ရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်နဲ့ မတူဘူး"

သူ၏စကားဆုံးသည်နှင့် လင်းဖုန်းသည် အချိန်ဆက်မဖြုန်းတော့ပဲ၊ သူ၏ လက်ဝါးကို အဝေးမှ ယုရှင်းတောက်ထံသို့ ဆန့်ထုတ်လိုက်ကာ လက်ချောင်းများကို ဆုပ်လိုက်သည်။

ကောင်းကင်နှင့် မြေကြီး ဖျက်ဆီးခြင်း!

လင်းဖုန်း၏ အရှေ့မှ လေဟာနယ်နှင့် ဟင်းလင်းပြင်သည် ချက်ချင်းပင် ဘာမှမရှိခြင်း အဖြစ်သို့ ပြောင်းသွားခဲ့သည်။ အရာဝတ္တုတို့၏ ဓာတ်ကြီးလေးပါးတို့ ဖြစ်ကြသော မြေ၊ရေ၊လေ၊မီးတို့သည် ထိုးတက်လာကြကာ၊ လေဟာနယ် ထကြွလှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွား၍ ကမ္ဘာကြီးက တုန်ခါသွားခဲ့သည်။

ယုရှင်းတောက်၏ မျက်နှာသည် ပြောင်းလဲသွားခဲ့၏။ လင်းဖုန်း၏ မှော်ကျိန်စာသည် မယုံနိုင်လောက်အောင် ခက်ထန်လှသည်။ အကယ်၍သူ့တွင် ရွှမ်းမင်သီအိုရမ်၏ အကာအကွယ် ရှိပါက သူ့တွင် အသက်ရှင်နိုင်ရန် အခွင့်အရေး ရှိသော်လည်း၊ ယခုအချိန်တွင် ရွှမ်းမင်သီအိုရမ်သည် ပျက်စီးသွားခဲ့ပြီ ဖြစ်၍ သူကလည်း ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီ ဖြစ်သည်။

လင်းဖုန်း၏ ကောင်းကင်နှင့်မြေကြီး ဖျက်ဆီးခြင်းအား ရင်ဆိုင်ရသောအခါ သူသည် ဘာမှမတတ်နိုင်ပဲ သေမည်အချိန်ကိုသာ စောင့်စားနေခဲ့ရသည်။

ရွှမ်းလင်သူတော်စင်၏ နဖူးတွင် အလင်းတန်း စက်လုံးလေး တစ်ခုက ပေါ်ပေါက်လာခဲ့၏။ သေးငယ်ဝိုင်းဝန်းသော ကြေးမုံတစ်ခုကဲ့သို့ ဖြစ်သည်။

ထိုကြေးမုံသည် ရောင်ပြန်များဖြင့် တောက်ပလာခဲ့ကာ နေမင်းအလင်းတန်းများက ကမ္ဘာပေါ်သို့ ဖြာကျလာသကဲ့သို့ ဖြစ်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now