အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း

417 44 0
                                    

စာစဥ် ၃၃ : အပိုင်း ၁၇

အပိုင်း ၆၂၇ : ရန်သူများအား ချောင်ပိတ်ခြင်း

ချင်းကွမ်းဘုရင်တွင် အကြံတစ်ခု ရှိပေသည်။ သို့သော်လည်း ဝင်ရိုးစွန်းနှစ်ဘက် တောင်ထိပ်သည် သူ့အား အကောင်အထည်ဖော်ခွင့်ပေးမည် မဟုတ်ပေ။ ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းက ကျရောက်လာသည်နှင့် သူသည် ဟင်းလင်းပြင် စစ်တလင်းသို့သွားသည့် နယ်နိမိတ် လမ်းကြောင်းအား ပိတ်ဆို့လိုက်သည်။

ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းသည် တစ်ချက်တုန်ခါသွားခဲ့ကာ ရေခဲနှင့် မီးတောက်မျာဖြင့် ပြည့်နေသော ကုန်းမြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရေခဲများအကြားတွင် မီးတောက်များက တောက်လောင်နေကြ၏။ ဒါသည် ကုန်းမြေတစ်ခုလုံးအား မီးတောက်ပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ တောက်လောင်နေသော မီးတောက်များသည် အကြွင်းမဲ့ သွေးမြစ်ရေများပါကို လောင်ကျွမ်းစေခဲ့သည်။

အနက်ရောင် မီးခိုးငွေ့များက တစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာကြကာ နေရာတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့သည်။ သို့သော်လည်း သူ၏ စူးရှသော ရနံ့သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လေထုထဲတွင် ညှော်နံ့များသာ ကျန်နေခဲ့၏။

အချို့သော မီးတောက်နှင့် ရေခဲများသည် သွေးမြစ်ကြောင့် ညစ်ညမ်းသွားခဲ့ကာ စိတ်ဝိညာဥ် စွမ်းအင်များ ပျောက်ဆုံးသွားခဲ့သည်။ အချို့မှာမူ အကြွင်းမဲ့ သွေးမြစ်ရေ၏ ထိန်းချုပ်ခြင်းကိုပင် ခံခဲ့ကြရကာ ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းအား ပြန်လည်တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း တစ်ဘက်သားမှာ အသာစီးထားနိုင်ဆဲသာ ဖြစ်သည်။ သွေးမြစ်သည် တောက်လောင်ခြင်း ခံနေရ၍ တဖြည်းဖြည်း သေးငယ်လာခဲ့သည်။

ချင်းကွမ်းဘုရင်သည် သက်ပြင်းတစ်ချက် ချလိုက်ကာ သွေးမြစ်ကို ဦးတည်ချက် ပြောင်းလိုက်သည်။ သူသည် ရှီထျန်းဟောင်နှင့် ကျန်သောသူများအား တိုက်ခိုက်လိုက်၏။ သူသည် ဝင်ရိုးစွန်းနှစ်ဘက် ကောင်းကင်တောင်တန်းအား အနိုင်မတိုက်နိုင်သဖြင့် နောက်ထပ် ထွက်ပေါက်တစ်ခုကို ရှာမှဖြစ်မည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeDove le storie prendono vita. Scoprilo ora