အပိုင်း ၄၆၉ - ၄၇၀ - ၄၇၁

533 45 1
                                    

စာစဥ် ၂၅ : အပိုင်း ၁၉

အပိုင်း ၄၆၉ : ပိုက်ဆံကငါ့ကို ပျော်ရွှင်အောင် လုပ်မပေးနိုင်ဘူး

ရှီကျုံးယွဲ့နှင့် ကြယ်စင်သူတော်စင်တို့သည် လင်းဖုန်းအား ကျေးဇူးတင်ပြီးနောက်တွင်၊ သူတို့သည် ရှီးလင်မြို့သို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ တောင်မှ ထွက်ခွာသွားအပြီးတွင်၊ လင်းဖုန်းသည် ယုကျင်းတောင်ကို ခေါ်၍ ချက်ချင်း ထွက်မသွားခဲ့ပေ။ ထို့အစား သူသည် မြေပြင်ပေါ်မှ မီတာထောင်ပေါင်းများစွာ အမြင့်တွင် နေနေခဲ့သည်။

ခဏအကြာတွင် ရှီးလင်မြို့မှ မှော်စွမ်းအင် တုန်ခါမှုတစ်ခု ပေါ်လာခဲ့သည်။ သူသည် ရန်လိုသော ဆန္ဒများ မရှိပဲ မိတ်ဆွေဆန်နေသည်။ လင်းဖုန်းက ပြုံးလိုက်ကာ တောင်ပေါ်မှ ဆင်းလိုက်ကာ၊ ရှီးလင်မြို့ပေါ်သို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် လေဟာနယ် ကွက်လပ်တစ်ခု ပွင့်သွားခဲ့ကာ၊ သက်လတ်ပိုင်း လူကြီးတစ်ယောက်သည် ယုံကြည်မှုအပြည့်ဖြင့် ထွက်လာခဲ့သည်။

သူသည် မဟာချင် အင်ပါယာ၏ ဧကရာဇ် ရှီယုဖြစ်၏။ သူသည် သူနှင့်အတူ မည်သူမှ ခေါ်မလာခဲ့ပေ။ သူသည် တစ်ယောက်တည်း လာခဲ့၍၊ တော်ဝင်ဝတ်စုံနှင့် သရဖူတို့မပါပဲ သာမန်သာ ဝတ်စားထားခဲ့သည်။

ရှီယုသည် သာမန် ကျင့်ကြံသူ တစ်ယောက်ကဲ့သို့သာ ဝတ်ဆင်ထားသော်လည်း၊ သူ၏ တော်ဝင်အော်ရာမှာ မပျောက်သွားခဲ့ပေ။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်တိမ်တိုက်များ ထွက်နေကာ လေပေါ်တွင် လှည့်လည်နေခဲ့သည်။

ထိုရွှေရောင်တိမ်တိုက်များ အတွင်းမှ သက်တန့်အလင်းတန်းများ ရာနှင့်ချီ၍ ထွက်လာခဲ့ကာ၊ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကြ၏။ လင်းဖုန်းသည် အသေအချာ ကြည့်ရှုလိုက်ရာ ထိုအလင်းတန်းများသည်၊ သက်တန့်အလင်းတန်းများဖြင့် တောက်ပနေသော ရှေးပဝေသဏီမှ အနက်ရောင် နဂါးများ၏ အော်ရာများ ဖြစ်ကြောင်းကို တွေ့လိုက်ရသည်။

အဖြူရောင်၊ အစိမ်းရောင်၊ အနက်ရောင်၊ ကြက်သွေးရောင်နှင့် အဝါရောင် ဟူသော ကွဲပြားသော အရောင်ငါးမျိုးတို့ ဖြစ်ကြသည်။ သူတို့သည် ရွှေ၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူသော ဓာတ်များကို ကိုယ်စားပြုနေကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now