အပိုင်း ၄၀၁ - ၄၀၂

627 52 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၁၁

အပိုင်း ၄၀၁ : ခွန်းဖန် လျှို့ဝှက်ကျမ်းစာ

ယခင်က လင်းဖုန်းသည် လော်ချင်းဝူ၏ ကောင်းကင်ယင် စိတ်ဝိညာဥ် ပုလဲအတွင်းတွင်၊ မှော်စွမ်းအင် တချို့ကို ချန်ထားခဲ့၏။ လော်ချင်းဝူကသာ ဆန္ဒရှိခဲ့မည်ဆိုလျှင်၊ ထိုမှော်စွမ်းအင်မှတဆင့် လင်းဖုန်းအား အချိန်မရွေး ဆက်သွယ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူမနှင့် နှုတ်ဆက်သည့်အခါ လင်းဖုန်းသည်၊ အကယ်၍ သူမက အိမ်တွင် မပျော်ပိုက်သည့် အချိန်တွင် ယုကျင်းတောင်သို့ လာလည်၍ရသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မမျှော်လင့်ပဲ သူမပြန်သွားအပြီး နှစ်ဝက်ပင် ကြာသွားသော်လည်း၊ မှော်စွမ်းအင် ဆက်သွယ်မှုမှာ ငြိမ်သက်နေဆဲပင် ဖြစ်သည်။ သူမထံမှ ဘာမှမကြားခဲ့ရပေ။

လင်းဖုန်းသည် သူမ၏ ကောင်းကင်ယင် စိတ်ဝိညာဥ် ပုလဲ အတွင်းသို့ ထည့်ပေးလိုက်သော မှော်စွမ်းအင်သည်၊ အကောင်းပကတိ အတိုင်း ရှိနေသေးသည်ဟု အာရုံခံမိခဲ့သည်။ သူသည် အဖျောက်ဖျက် မခံရသလို၊ တစ်ခုခုလုပ်ခြင်းလည်း မခံထားရပေ။

အခြားစကားလုံးဖြင့် ပြောရလျှင်၊ လင်းဖုန်းအား မဆက်သွယ်သည်မှာ ထိုကောင်မလေး၏ ကိုယ်ပိုင်ဆန္ဒသာ ဖြစ်သည်။

ထို့ကြောင့်ပင် လင်းဖုန်းက စိတ်ဝင်စားနေရခြင်းဖြစ်သည်။ သူသည် စပ်စုချင်ရုံ သက်သက်မျှသာ ဖြစ်၏။ အကယ်၍ သူမသည် စိတ်လွတ်လက်လွတ် ဘဝမျိုးကို နေရလျှင်လည်း၊ ကောင်းသည်ပင် ဖြစ်သည်။

ယခုအချိန်တွင် လင်းဖုန်း၏ စိတ်နေသဘောထားများသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သူသည် ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်များနှင့် တွေ့ရသည့် အခါ သူတို့အား မျက်စိကျခဲ့သော်လည်း၊ ရမှဖြစ်မည့် အခြေအနေမျိုး မဟုတ်တော့ပေ။

စဥ်းစား၍ ကောင်းနေဆဲ အချိန်မှာပင် လင်းဖုန်းသည်၊ သံမဏိသစ်ပင် ကိုယ်ပွားက မိုးကြိုးကပ်ဘေးများအား ရင်ဆိုင်နေချိန်တွင် ကြုံတွေ့ခဲ့ရသည့်၊ မကောင်းကြံချင်နေသည့် အသိစိတ် တစ်ခုအား ထပ်မံ၍ အာရုံခံမိလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeDonde viven las historias. Descúbrelo ahora