အပိုင်း ၃၈၉ - ၃၉၀

563 51 0
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၁ : အပိုင်း ၁၉

အပိုင်း ၃၈၉ : မဟာပဏ္ဍိတအား ဖိနှိပ်ခြင်း

လင်းဖုန်း၏ ယုကျင်းတောင်အား အသုံးချ၍ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်၊ ရွှေကျီး မဟာပဏ္ဍိတသည် လျှင်မြန်စွာနှင့် ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သူသည် သူလိုချင်သည့် အရာအား ရရှိခဲ့ပြီး ဖြစ်သည်။ သူ၏ ရည်မှန်းချက် အထမြောက်သွားပြီ ဖြစ်သဖြင့်၊ ရွှေကျီး မဟာပဏ္ဍိတသည် မဟာလွင်တီးခေါင် ကုန်းမြေသို့ ပြန်ရန် အဆင်သင့် ပြင်ထားခဲ့ပြီ ဖြစ်၏။ သူသည်လည်း လူသားကလန်၏ စစ်ကူများက မည်သည့်အချိန်တွင် ရောက်လာနိုင်သည်ကို၊ လျှို့ဝှက်စွာနှင့် တွက်ချက်ခဲ့ပြီးသား ဖြစ်သည်။

သူသည် အရေးပေါ် အခြေအနေတွင် အသုံးပြုရန် အစီအစဥ်များကိုလည်း၊ အစကတည်းက ဆွဲခဲ့ပြီးသား ဖြစ်သည်။ သူသည် မဟာလွင်တီးခေါင် ကုန်းမြေမှ သူ၏ အသိုက်တွင်၊ လက်ခံမည့် မှော်ကျိန်စာ တစ်ခုအား တည်ဆောက်ခဲ့ပြီးသား ဖြစ်၏။ သူ၏ စိတ်ကို အသုံးချလိုက်ရုံနှင့် သူသည် သူ၏ လက်ရှိနေရာနှင့် သူ့အသိုက် အကြားတွင်၊ လေဟာနယ် လှိုဏ်ခေါင်းတစ်ခုကို ဖန်ဆင်း၍ အိမ်ပြန်နိုင်မည် ဖြစ်သည်။

ထိုမှော်ကျိန်စာအား တည်ဆောက်ရသည့် တန်ဖိုးမှ မနည်းလှချေ။ ထို့အပြင် သူသည် တစ်ဘက်သွားလမ်းသာ ဖြစ်၏။ သူသည် ရွှေကျီး မဟာပဏ္ဍိတအား သူ့အသိုက်သို့သာ ပြန်ပို့ပေးနိုင်၏။ တစ်ခါ အသုံးပြုပြီးသွားလျှင်လည်း၊ နောက်ထပ် အသုံးဝင်တော့မည် မဟုတ်ပေ။

သို့သော်လည်း အကျိုးသက်ရောက်မှုများမှာ ကောင်းမွန်လှ၏။ ရွှေကျီး မဟာပဏ္ဍိတသည် နတ်ဘုရား နယ်မြေမှ၊ သူပြန်ချင်သည့် အချိန်တွင် ပြန်နိုင်ပေသည်။ သူသည် ကမ္ဘာနှစ်ခုအကြားမှ လေဟာနယ် ဆက်ကြောင်းများကို အသုံးပြုနေစရာ မလိုတော့ပေ။

သူ၏ စိတ်ကို စေညွှတ်လိုက်ရုံနှင့်ပင်၊ သူ၏ခေါင်းအပေါ်တွင် ရွှေရောင်အလင်းတန်း တစ်ခုက ပေါ်လာခဲ့၏။ သူမှနေ၍ လေဟာနယ် လှိုဏ်ခေါင်းအား ဖွင့်ပေးလိုက်ကာ၊ သူ့အား ရွှေရောင် အလင်းတန်း၏ အကူအညီဖြင့် အိမ်ကိုပြန်နိုင်စေခဲ့မည် ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeOù les histoires vivent. Découvrez maintenant