အပိုင်း ၃၁၄ --- အပိုင်း ၃၁၅

1K 76 3
                                    

အပိုင်း ၃၁၄ : အန္တရာယ်

ပုန်းကွယ်နေသော နဂါးချောက် အတွင်းတွင် မုကျိဟိုင်၏ ရေခဲမီးတောက် မှော်ကျိန်စာအား ရင်ဆိုင်နေရသည့် အချိန်တွင်၊ ရှောင်ပုတန်လေးသည် ထိုတိုက်ခိုက်မှုအား တည်ငြိမ်စွာနှင့်ပင် ရင်ဆိုင်လိုက်၏။ လေပြင်းနှင့် မိုးကြိုးတို့၏ စွမ်းအားများသည် သူ၏ တစ်ကိုယ်လုံးတွင် ထိုးတက်လာခဲ့၍၊ သူ၏ လက်သီးအစုံအား အချင်းချင်း ထုနှက်လိုက်ကာ၊ နှစ်မီတာကျော် ကြီးမားသည့် အထူးကိုယ်ပွား တစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။

ရှောင်ပုတန်လေး၏ တစ်ကိုယ်လုံးအား ပြင်းထန်လှသော လျှပ်စီးမိုးကြိုးများနှင့်၊ တစ်ဟူးဟူး တိုက်ခတ်နေသော လေဆင်နှာမောင်းများဖြင့် ဝန်းရံထားခဲ့သည်။ ကြမ်းတမ်းလှသော စွမ်းအားတို့သည် ဘေးပတ်ပတ်လည်မှ လေဟာနယ်တို့ကို ရိုက်ခတ်ခဲ့ကာ၊ မုကျိဟိုင်၏ ရေခဲမီးတောက်တို့အား ရှေ့ဆက်မတိုးနိုင်စေရန် ပိတ်ဆို့ထားနိုင်ခဲ့သည်။

သူ၏ လက်ရှိ အရွယ်အစားအရ၊ ရှောင်ပုတန်လေးသည် ပိုကြီး ကြီးမားသန်မာလာခဲ့၏။ သို့သော်လည်း စုန့်ချင်းယွမ်၏ ရေခဲမီးတောက် ခန္ဓာကိုယ်နှစ်ခု၏ အရွယ်အစားနှင့် နှိုင်းယှဉ်လိုက်လျှင်တော့၊ အတော်ကို သေးနေသေးသည်။

သို့သော်လည်း သူထံမှနေ၍ ထုတ်ဖော်ပြသနိုင်သော ဖိအားနှင့် ကြီးစိုးလွှမ်းမိုးနိုင်သော စွမ်းအားများသည်၊ စုန့်ချင်းယွမ်၏ မှော်ကျိန်စာထက်ပင် ပို၍သန်မာနေလေသည်။

ရုပ်ခန္ဓာကိုယ် စွမ်းအင်အား ယှဉ်ပြိုင်မည် ဆိုပါက၊ ယခုလက်ရှိ ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများ အတွင်းတွင်၊ တုခွမ်းတစ်ယောက်သာ ရှောင်ပုတန်လေးနှင့် ယှဉ်နိုင်မည် ဖြစ်သည်။

အလင်းဓားမြန်ဂိုဏ်းမှ နေရာတွင် ထောင်ရောင်ရောင်၏ သူရဲကောင်းအသွင် တင့်တယ်ပြေပြစ်သည့် မျက်နှာပေါ်တွင်၊ မချိုမချဉ် အပြုံးလေးတစ်ခုက ပေါ်လာခဲ့၏။ သူမသည် ကျောက်ယန်အား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်ကာ ပြောလိုက်သည်။ "သူက ရှင်းယွင်တောင်ထိပ်က ပြန်သွားပြီး၊ နောက်ထပ်တိုးတက်လာတယ် မဟုတ်လား? ဒီလိုမျိုး စွမ်းအားနဲ့ နင့်ကိုသာ ယှဉ်ပြိုင်မယ်ဆိုရင်၊ သိပ်မကြာခင်မှာပဲ နင်က အမှုန့်ဖြစ်သွားလိမ့်မယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeDove le storie prendono vita. Scoprilo ora