စာစဥ် ၃၃ : အပိုင်း ၁၉
အပိုင်း ၆၂၉ : အထီးကျန်စစ်သည် မဟုတ်တော့ပေ
ဇူရီ၊ ရှီထျန်းဟောင်နှင့် ကျန်သောသူများသည် အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းတွင် လှည့်လည်စူးစမ်းနေကြချိန်တွင် ဝမ်လင်းသည် ချင်းကွမ်းဘုရင်နှင့် သေမင်းခန်းမမှ ကျင့်ကြံသူများအား ယုကျင်းတောင်ပေါ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
ယုကျင်းတောင်ပေါ်တွင် လင်းဖုန်းသည် ရှောင်ယန်အား ကာကွယ်စောင့်ရှောက်နေလျှက် ရှိသေးသည်။ ရှောင်ယန်သည် အကြွင်းမဲ့မီးတောက်ငါးမျိုးတို့အား တည်ငြိမ်အောင် ကြိုးစားနေ၍ သူ၏ စွမ်းအားများကို ပြီးပြည့်စုံအောင် လေ့ကျင့်နေခဲ့သည်။ ဒါသည် ရှည်ကြာသော ဖြစ်စဥ်တစ်ခုဖြစ်၏။
ဝမ်လင်းသည် တောင်ပေါ်သို့ ပြန်လာခဲ့၍ ခရမ်းရောင် တိမ်တိုက်စက်လုံး ကောင်ကင်ကမ္ဘာငယ်လေးအား လင်းဖုန်းထံသို့ ပေးလိုက်သည်။
လင်းဖုန်းသည် ထိုအရာအား မြင်လိုက်ရသောအခါ မအောင့်နိုင်ပဲ ရယ်လိုက်မိသည်။ "ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်ရဲ့ အနှောင်အဖွဲ့တွေက တဖြည်းဖြည်းနဲ့ မလုံလောက်တော့ဘူး"
"ကောင်းတယ် ဝမ်လင်း၊ ငါကမင်းကို ဒီကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်က အနှောင်အဖွဲ့တွေကို ပိုပြီးတော့ ကျင့်ကြုံနိုင်အောင် လမ်းညွှန်ပေးမယ်"
ဝမ်လင်းသည် သူ၏ခေါင်းအား ညိတ်လိုက်သည်။ သူသည် ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်အား ရရှိခဲ့သော်လည်း အင်မော်တယ်ဝိညာဥ် အဆင့်သို့ မရောက်သေးသဖြင့် မကျင့်ကြံနိုင်ခဲ့ပေ။ သူသည် ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်က မိမိဘာသာ ကျင့်ကြံခြင်းကို အားထားနေရသည်။
အကယ်၍ သန္ဓေလောင်းအဆင့်မှ မှော်ရတနာ တစ်ပါးသည် အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်၏ ထောက်ပံ့မှုအား မရခဲ့လျှင် သူ၏ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူနိုင်ခြင်းမှာ အမတန် နှေးကွေး၍ အကျိုးသက်ရောက်မှု နည်းပါးမည် ဖြစ်သည်။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...