စာစဥ် ၂၅ : အပိုင်း ၄
အပိုင်း ၄၅၄ : ကျားပါးစပ် အတွင်းမှ သွားတစ်ချောင်း ဆွဲနှုတ်ခြင်း
လုံရဲ့က ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက သစ္စာရှိခြင်းကို တန်ဖိုးထားတယ်။ သူက သူ့အတွက် အလုပ်လုပ်ပေးတဲ့ လူတွေအားလုံးကို ကာကွယ်ပေးတယ်။ သူက သူတို့ကို အနစ်နာခံခိုင်းမှာ မဟုတ်ဘူး"
"ဒါဆိုရင်၊ သူက ဘယ်လိုလုပ်မှာလဲ" လင်းဖုန်းက ယန့်မင်းရွဲ့အား ကြည့်လိုက်သည်။ လင်းဖုန်း အပါအဝင် တိမ်တိုက်တောအုပ် ကမ္ဘာအတွင်းတွင် လူသားကျင့်ကြံသူ ၅ယောက် ရှိသည်။
လုံရဲ့နှင့် အတူလာကြသူ မိစ္ဆာ မဟာပဏ္ဍိတပေါင်း ၃ယောက်ရှိသည်။ ပါရမီ ဇန်မာစတာကို ထည့်တွက်ပါမှ လူ၉ယောက် ပြည့်မည်။
လုံရဲ့ပြောသည့်ပုံ အရဆိုလျှင် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် အင်မော်တယ်ဝိညာဥ် အဆင့် သို့မဟုတ် မသေဝိညာဥ် အဆင့်မှ ကျင့်ကြံသူ ၉ယောက်အား ယဇ်ပူဇော်မှသာ၊ ဟေးဒီးစ် အမှောင်မန္တန်အား ရယူနိုင်မည် ဖြစ်သည်။
ရှိသောသူနှင့် လိုသောသူတို့သည် အံကိုက်ပင် ဖြစ်၏။ လူတစ်ယောက်မှ မပိုနေပေ။ အကယ်၍ ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ပါရာဆို နတ်သမီးအား ချမ်းသာပေးလိုက်လျှင်၊ လိုနေသော နေရာအား မည်သူက ဝင်ဖြည့်ပေးမည်နည်း။
ထိုအပြင် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် လူအားလုံးအား ဖမ်းမိမှ ရပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင်၊ လိုအပ်ချက်က ပိုမိုကြီးမားလာမည် ဖြစ်သည်။
လင်းဖုန်းသည် ခေတ္တမျှ တွေးလိုက်ကာ၊ အတွေးတစ်ခု ပေါ်လာခဲ့၏။ "ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတက၊ တိမ်တိုက်တောအုပ် သစ်ပင်အတွင်းကို ဝင်လာမယ့် လူအရေအတွက်ကို ကြိုတင်ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ တိမ်တိုက်တောအုပ် ကမ္ဘာကို ချိတ်ပိတ်လိုက်ပြီး အမဲလိုက်ခွေးတွေကို လွှတ်လိုက်အပြီးမှာ၊ သူက ဓားစာခံ ပထမတစ်သုတ်ကိုပဲ ရနိုင်မယ်"
"ပထမအသုတ်မှာ ဓားစားခံတွေ ဘယ်လောက်အထိ ပါမလဲ ဆိုတာက ကံတရားပဲ။ ပြီးတာနဲ့ သူက တိမ်တိုက်တောအုပ် ကမ္ဘာကို ချိတ်ပိတ်ပစ်ရမယ်။ မဟုတ်လို့ရှိရင် လုံရဲ့နဲ့ ယန့်မင်းရွဲ့တို့က ကောင်းကင် ကျက်သရေ မဟာပဏ္ဍိတနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းကို ဆင့်ခေါ်နိုင်တော့မှာ"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...