အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း

512 56 3
                                    

စာစဥ် ၂၄ : အပိုင်း ၂

အပိုင်း ၄၃၂ : နဂါးမတစ်ကောင် အလည်ရောက်လာခြင်း

စနစ်ကြီး၏ အသံကို နားထောင်ပြီးသွားသော အခါတွင်၊ လင်းဖုန်းသည် သူ၏ အရှေ့မှ သူ၏ ပင်ကိုစွမ်းရည် အချက်အလက်များမှာ ၃၀ကျော် ရှိသည်ကို သိလိုက်ရသည်။

သူသည် စိတ်လှုပ်ရှားလွန်းခဲ့သဖြင့် ဇူရီအား ဖက်နမ်းချင်စိတ်ပင် ပေါက်လာခဲ့၏။ အလွန်အမင်း ဝမ်းမြောက်နေသော်လည်း၊ လင်းဖုန်းသည် တည်ငြိမ်သည်ပုံပင် ဆက်ဖမ်းထားခဲ့သည်။

ထိုလူငယ်အား ကြည့်လိုက်ပြီး လင်းဖုန်းသည် အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရသည်။ "သူ့ကို မြင်ဖူးနေသလိုပဲ။ သူ့မှာ ဆရာတစ်ယောက် ရှိမှန်းကို မှတ်မိနေပါတယ်။ မြစ်ပြင်မြေပုံ ဂရန်းမာစတာနဲ့ တူတယ်၊ မြောက်ဝင်ရိုးစွန်း ပင်လယ်မှာ ဂုဏ်သတင်း ကျော်ကြားတဲ့ အခြေတည်ဝိညာဥ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ပဲ"

ဇူရီခေါ်ဆောင်လာသည့် လူငယ်မှာ မြစ်ပြင်မြေပုံ ဂရန်းမာစတာ၏ တပည့်ဖြစ်သူ လီယွမ်ဖန်းပင် ဖြစ်သည်။

လင်းဖုန်း၏ လက်ရှိကျင့်ကြံမှု အဆင့်နှင့်ဆိုလျှင်၊ သူမြင်တွေ့ဖူးသော အရာများကို ဘယ်တော့မှ မမေ့ချေ။ လီယွမ်ဖန်းသည် အခြေခံအုတ်မြစ် အဆင့်တွင်သာ ရှိသေးပြီး လူအုပ်ကြားထဲတွင် မထင်ပေါ်နေခဲ့သော်လည်း၊ လင်းဖုန်းသည် သူသည် ခွန်းဖန် လျှို့ဝှက်ကျမ်းစာ၏ အပြင်ဘက်တွင် မြစ်ပြင်မြေပုံ ဂရန်းမာစတာ၏ အနောက်တွင် ရပ်နေသည်ကို မှတ်မိနေခဲ့၏။

"ဆရာရှိနေတဲ့ သူတွေကို စွမ်းရည်စိစစ်ခြင်း ကိရိယာက အချက်အလက် အသေးစိတ် မထုတ်ပြနိုင်ဘူး" လင်းဖုန်းက တွေးနေခဲ့သည်။ "ဒါပေမဲ့ ငါက အခုအချိန်မှာ သူ့ရဲ့ အချက်အလက်တွေကို မြင်နေရပြီ။ အချက်နှစ်ချက်ပဲ ဖြစ်နိုင်တယ်။ ပထမ၊ သူက ဂိုဏ်းကနေ အကန်ထုတ် ခံလိုက်ရတာ၊ ဒါမှမဟုတ် ဂိုဏ်းကနေ ထွက်လိုက်တာ။ ဒုတိယ၊ သူ့ဆရာက သေသွားတာ"

လင်းဖုန်းသည် ဇူရီအား ကြည့်လိုက်ကာ တည်ငြိမ်စွာနှင့် မေးလိုက်သည်။ "ဒီလူက ဘာဖြစ်တာလဲ"

ဇူရီက ပြန်ဖြေလိုက်၏။ "ဆရာ၊ ဒီလူငယ်က မြောက်ဝင်ရိုးစွန်း ပင်လယ်က မြစ်ပြင်မြေပုံ ဂရန်းမာစတာရဲ့ တပည့်တစ်ယောက် ဖြစ်ပါတယ်။ ခွန်းဖန် လျှို့ဝှက်ကျမ်းစာက ပြောင်းလဲမှုတွေနဲ့ ကြုံတွေရအပြီးမှာ၊ မြစ်ပြင်မြေပုံ ဂရန်းမာစတာက ကျဆုံးသွားခဲ့ပါတယ်။ ဒီလူနဲ့ သူ့ရဲ့ဂိုဏ်းသားတွေက အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeNơi câu chuyện tồn tại. Hãy khám phá bây giờ