စာစဥ် ၃၃ : အပိုင်း ၂၀
အပိုင်း ၆၃၀ : မမျှော်မှန်းထားသော ဆုလာဘ်
ဤအနက်ရောင် ရေကန်သည် အလင်းများ အားလုံးကို ဝါးမျိုနိုင်သည်။ ကောင်းကင်သယ်ဆောင် ဧကရာဇ်နှင့် ရှီကျုံးထျန်းတို့၏ စွမ်းအားများနှင့် သူတို့သည် ရေအိုင်အတွင်းတွင် အရှေ့မှ အကွာအဝေး အနည်းငယ်ကိုသာ မြင်နိုင်ခဲ့သည်။
သို့သော်လည်း ဤရေအိုင်မှာ အဆုံးမရှိသကဲ့သို့ ဖြစ်၏။ သူတို့နှစ်ယောက်သားတို့သည် အောက်သို့ငုပ်သွားကြသော်လည်း အောက်ခြေသို့ မရောက်နိုင်ကြပေ။
ရေအိုင်အတွင်းမှ လေဟာနယ်ကလည်း အတော်လေး ထူးခြားပေသည်။ လင်းဖုန်းသည် အောက်သို့ ငုပ်သွားနေရင်း သူသည် မှောင်ပိန်းနေသော စကြာဝဠာ တစ်ခုအတွင်းတွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။ ထို့အပြင် ဒါသည် ကြယ်စင်များ ကင်းမဲ့နေသော စကြာဝဠာ တစ်ခုနှင့် တူနေ၏။
"ဒီနေရာက တကယ့်ကို အသက်စွမ်းအင်တွေ ရှင်သန်ကြီးထွားဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်တယ်" လင်းဖုန်းက တွေးလိုက်သည်။ "ဒီလိုမျိုး အထီးကျန် အမှောင်ထုဟာ ရှင်သန်ကြီးထွားခြင်းနဲ့ တိုးတက်ခြင်းအတွက် အရမ်း အကျိုးရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုး အလွန်အမင်း အေးစက်မှုနဲ့ ယင်ပတ်ဝန်းကျင်ဟာ အစွန်းရောက်သွားလို့ရှိရင် အလွန်အမင်း ပူပြင်းပြီး ယန်ဓာတ်တွေ ပြည့်နေတဲ့ သက်ရှိတွေကို မွေးဖွားပေးနိုင်တယ်"
"မိခင်နဲ့ သန္ဓေလောင်းရဲ့ အကြားကလိုပဲ ပြီးပြည့်စုံတဲ့ ယင်နဲ့ယန်တို့ရဲ့ မျှခြေကို ရရှိသွားနိုင်တယ်"
အောက်သို့ ဆင်းသက်နေခဲ့ရင်း လင်းဖုန်းနှင့် ရှီကျုံးထျန်းတို့သည် ဤအနက်ရောင် ရေကန်တွင် သန်စွမ်းလှသည့် အသက်စွမ်းအင်တစ်ခု ရှိနေမှန်းကို သတိထားမိခဲ့ကြသည်။
အံ့ဖွယ် ကောင်းကင်ကမ္ဘာတွင် နေထိုင်သူများ မရှိကြပေ။ ဆေးဝါးများနှင့် သစ်ပင်များမှာလည်း သဘာဝ အတိုင်းသာ ရှိနေကြသည်။ မှီတင်းနေထိုင်ကြသော မျိုးနွယ်စုများလည်း မရှိကြပေ။ စိတ်ဝိညာဥ် ဆေးပင်များ ပေါက်ရောက်နေကြသော်လည်း သူတို့သည် မိစ္ဆာများအဖြစ်သို့ ပြောင်းနိုင်ကြခြင်း မရှိသေးပေ။
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...