စာစဥ် ၂၉ : အပိုင်း ၂
အပိုင်း ၅၃၂ : ဟင်းလင်းပြင် စစ်တလင်း အတွင်းမှ အဖြစ်အပျက်များ
လင်းဖုန်း၏ အေးရီးစ်ကိုယ်ပွားသည် ပျက်စီးနေသော အဆောက်အအုံများ တစ်တန်း၏ အရှေ့သို့ ရောက်လာခဲ့သည်။ သူ၏ မျက်မှောင်များကို အသာကြုတ်လိုက်ကာ ထိုနေရာမှ စိတ်ဝိညာဥ် စွမ်းအင်များ၏ စီးဆင်းနေမှုကို အာရုံခံလိုက်သည်။
ဟင်းလင်းပြင် စစ်တလင်းသည် အများအားဖြင့် ဖရိုဖရဲ ဖြစ်နေသည့် ထကြွလှုပ်ရှားမှုများနှင့် လေဟာနယ် မုန်တိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ စိတ်ဝိညာဥ် စွမ်းအင်များသည် ယောက်ယက်ခက်ကာ ရှုပ်ထွေးနေကြ၏။
လင်းဖုန်းသည် အသေအချာ စူးစမ်းကြည့်လိုက်ရာ ဝမ်လင်း၏ မှော်စွမ်းအင် အစလေး တစ်စအား ရေးရေးလေး အာရုံခံမိလိုက်သည်။
"ဒါက မှော်စွမ်းအင် သက်သက်သာ မဟုတ်ဘူး" လင်းဖုန်း၏ မျက်လုံးအစုံတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာခဲ့ကာ သူ့ကိုယ်သူ တွေးလိုက်သည်။ "မှော်စွမ်းအင်အပြင် သူ့ဆီမှာ သွေးအနံ့တွေ နည်းနည်းပါသေးတယ်"
ဝမ်လင်းသည် မှော်ကျိန်စာသီးသန့် ကျင့်ကြံသူ ဖြစ်၏။ သူ၏ မှော်ကျိန်စာများနှင့် တာအိုနည်းစနစ်များသည် အလွန်တရာမှ ထက်မြက်လှ၏။ သို့သော်လည်း သူ၏ ရုပ်ခန္ဓာကိုယ်မှာ အတန်ငယ် အားနည်းပေသည်။ ငရဲကမ္ဘာ မြစ်ရေ၏ ဖျက်ဆီးခြင်း အဆင့်ကြောင့် သူ၏ ရုပ်ခန္ဓာကိုယ် စွမ်းအားများသည် သူ၏ စီနီယာ၊ ဂျူနီယာများထက် ပိုအားနည်းပေသည်။ အခြားဂိုဏ်းများမှ ကျင့်ကြံသူများနှင့် ယှဥ်လိုက်လျှင်ပင် အားနည်းနေသေး၏။
ထို့ကြောင့် သူ၏ မှော်ကျိန်စာ စွမ်းအားများ၏ အကြွင်းအကျန်များသည်၊ အခြားကျင့်ကြံသူများကဲ့သို့ ရုပ်ခန္ဓာကိုယ် အတွင်းမှ ထုတ်လွှတ်၍ မရချေ။
သူ၏ မှော်ကျိန်စာ စွမ်းအားများ၏ အစအနများက ဤနေရာတွင် ကျန်နေခဲ့ခြင်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူက ဒဏ်ရာရထားခြင်းကြောင့် ဖြစ်မည်။ သူ၏ ရုပ်ခန္ဓာကိုယ်သည် ဒဏ်ရာရရှိသွားခဲ့ပြီး ထိုဒဏ်ရာများမှာလည်း မသေးလှချေ။
ESTÁS LEYENDO
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) Unicode
Aventura✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...