အပိုင်း ၃၉၅ - ၃၉၆

623 57 1
                                    

ဂန္တဝင် ဂိုဏ်းချုပ်

စာစဥ် ၂၂ : အပိုင်း ၅

အပိုင်း ၃၉၅ : ဆောင်းဦးမှ နွေဦးသို့ ကူးအပြောင်းတွင်၊ ဇူရီသည် စာမေးပွဲသို့ အပြေး သွားဖြေခဲ့သည်

လင်းဖုန်းသည် ဝမ်လင်း လေပေါနေသည်ကို စိတ်ရှည်လက်ရှည်ဖြင့် ပြုံး၍ နားထောင်နေခဲ့၏။ ဝမ်လင်းသည် ဘာဖြစ်နေသည်ကို သတိထားမိလိုက်သောအခါ၊ သူ၏ဆရာအား ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သည်။

လင်းဖုန်းက ရယ်လိုက်ကာ ပြောလိုက်သည်။ "ကျန်တာတွေကို ထားလိုက်ပါတော့၊ အိမ်ခေါ်ပြန်ဖို့ ချွေးမလေးက မရှိသေးဘူး။ ငါက မင်းရဲ့ မိဘတွေကို စိတ်ပျက်စေခဲ့ပြီ"

ဝမ်လင်းသည် သူ့ဆရာအား ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကာ၊ သူ၏ခေါင်းကို ခါလိုက်၍ ရယ်လိုက်သည်။ "ကြည့်ရတာ ဒီတစ်ခေါက် အိမ်ပြန်ရင် နားငြီးနေအောင်၊ မြည်တွန်တောက်တီး ခံရဦးမည်နဲ့ တူတယ်" သူ့ကြည့်ရသည်မှ စိတ်ရှုပ်ထွေးနေသည့်ပုံ ပေါက်နေသော်လည်း၊ သူ၏ နှလုံးသားမှာ နွေးထွေးမှုများနှင့် ပြည့်နေခဲ့၏။

လင်းဖုန်းသည် သူ၏လက်အား ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။ "ကောင်းပြီ၊ အိမ်ပြန်နိုင်တယ်။ လမ်းခရီးတစ်လျှောက်မှာ ဂရုစိုက်သွားဦး!"

ဝမ်လင်းသည် ရိုသေစွာနှင့် ဦးညွှတ်လိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာသခင်။ ဆရာသခင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"

ဝမ်လင်းသည် သူ၏ သစ်တောဗိမာန်သို့ ပြန်လာခဲ့၏။ ရိုးရှင်းစွာနှင့် သာမန်သာ ဆောက်ထားသော သစ်သားအိမ်လေး တစ်လုံးဖြစ်၏။ ယခုအချိန်တွင် သူ၏ တပည့် လီရှင်းဖေးအတွက် အခန်းတစ်ခန်းသာ ပိုလာခဲ့၏။ လီရှင်းဖေးသည် တင်ပုလ္လင်ခွေ ထိုင်နေရာမှ သူမ၏ဆရာကို မြင်သောအခါ၊ ချက်ချင်းထလာ၍ ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ၊ ဆရာ"

ဝမ်လင်း၏ စိတ်ခံစားချက်များသည် ယခုအချိန်တွင် ငြိမ်သက်လာပြီ ဖြစ်၍၊ သူ၏ အမူအရာသည်လည်း တည်ငြိမ်နေကာ အတွင်းတွင် ဘာခံစားနေရသည်ကို ခန့်မှန်း၍ မရနိုင်တော့ချေ။ သို့သော်လည်း ဒါသည် သူ၏တပည့်ကို အေးစက်စွာ ဆက်ဆံနေသည်ဟု မပြောနိုင်ပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeTahanan ng mga kuwento. Tumuklas ngayon