အပိုင်း ၅၁၉ - ၅၂၀ - ၅၂၁

522 47 0
                                    

စာစဥ် ၂၈ : အပိုင်း ၉

အပိုင်း ၅၁၉ : သူများ၏ အိမ်တံခါးဝသို့ သွားရောက်တိုက်ခိုက်ခြင်း

"ရှီမိသားစုနဲ့ ယုမိသားစုတို့က တော်တော်များသွားပြီ!" ရှောင်ယန်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ သူသည် ခန်းနန်ဟွာ သယ်ဆောင်လာသော သတင်းကြောင့် တုန်လှုပ်ဒေါသထွက်နေခဲ့သည်။

လင်းဖုန်းက ငြိမ်သက်စွာနှင့် မေးလိုက်သည်။ "ဒါဆို ထျန်းဟောင်ရဲ့ အဘိုးရော၊ ဘာသတင်းများ ကြားသလဲ"

ခန်းနန်ဟွာက ပြောလိုက်သည်။ "အခုအချိန်ထိတော့ မသိသေးဘူး။ ဟင်းလင်းပြင် စစ်တလင်း အထဲကနေ ထွက်လာတာ ထျန်းဟောင်တို့ မိဘနှစ်ပါးပဲ"

သူ၏စကားဆုံးသည်နှင့် သူ၏အရှေ့မှ လင်းဖုန်းသည် ယခင်ကဲ့သို့ ကြောက်စရာ ကောင်းလာပြီ ဖြစ်သည်ကို သိလိုက်ရသဖြင့်၊ ခန်းနန်ဟွာသည် သူ၏ပါးစပ်အား ပိတ်ထားလိုက်သည်။

လင်းဖုန်းသည် ခါတိုင်းကဲ့သို့ ငြိမ်သက်တည်ကြည်သော အမူအရာ ရှိနေသေးသော်လည်း၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ဖျက်ဆီးနိုင်သော စွမ်းအားများနှင့် ဖုံးလွှမ်းထားခဲ့သည်။ ကမ္ဘာပေါ်တွင် ကပ်ဘေးတစ်ခုက ကျရောက်လာတော့မည်ကဲ့သို့ ဖြစ်၏။

တစ်ဘက်တွင်မူ ရှောင်ယန်က သူ၏ဆရာအား ကြည့်လိုက်ကာ၊ ရင်ထဲမှနေ၍ နွေးထွေးမှုတစ်ရပ်အား ခံစားလိုက်ရသည်။

သူ၏မှတ်ဉာဏ်မှနေ၍ သူ၏ဆရာသည် တကယ့်ကို စိတ်ဆိုးနေပြီ ဖြစ်ကြောင်းကို သိလိုက်ရသည်။ သူသည် လင်းဖုန်းက ထိုအခြေအနေသို့ ရောက်နေခြင်းကို နှစ်ခါသာ တွေ့ဖူးသည်။

ပထမ တစ်ခေါက်မှာ အလွန်ကြာသွားပြီ ဖြစ်သည်။ ဝမ်လင်းက သူ့ဆရာ၏ လက်အောက်သို့ ရောက်ရှိလာစဖြစ်ပြီး၊ ရှောင်ယန်နှင့် ကျန်သောသူများသည် ရန်သူများ၏ ဝန်းရံခြင်းကို ခံခဲ့ရသည်။ ရှောင်ယန်သည် ဇူရီနှင့် ရှီထျန်းဟောင်တို့အား ကာကွယ်ပေးရင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့၏။

နောက်တစ်ကြိမ်မှာ သူက နန်းမင် အကြွင်းမဲ့ မီးတောက်ကို ဝါးမျိုလိုက်သဖြင့်၊ ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ရကာ အားနည်းသော အချိန်သို့ ရောက်ရှိနေခဲ့ချိန် ဖြစ်သည်။ လင်းဖုန်းသည် အစက ဒါသည် အခြားသူများ၏ လက်ချက်ဟုထင်၍ ဒေါသထွက်သွားခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now