မိုးခြိန်းသံနှင့်အတူ ကျဆင်းလာတဲ့ မိုးစက်အသံတွေ...
သူတို့နှစ်ယောက်အနားမှာတော့ မြေပြင်ပေါ် ရေစက်တွေကျဆင်းနေတဲ့အသံတွေကလွဲလို့ တိတ်ဆိတ်နေသည်။ ရှစ်ထပ်တိုက်ရဲ့ အပေါ်ဆုံးအထပ်အခန်းထဲမှာတော့ အမှောင်ထုက တိတ်ဆိတ်စွာ လွှမ်းခြုံထားသည်။ ထိုအမှောင်ထုတွေကြားထဲ ကောင်လေးနှစ်ယောက်က စိုစွတ်နေတဲ့ ဆိုဖာပေါ်မှာ အချင်းချင်းပွေ့ဖက်ထားသည်။ ထို့အတူ ကြီးမားတဲ့ ရင်ဘတ်တစ်ခုကတော့ မျက်ရည်တွေနဲ့ စိုနေသည်။
'ဘာတွေဘဲဖြစ်လာ ဖြစ်လာ... အရာအားလုံး အဆင်ပြေသွားမှာပါ'
ရင်ခွင်ထဲဝင်ပြီး ငိုနေတဲ့ကောင်လေးတစ်ယောက်ကို ကျန်ကောင်လေးတစ်ယောက်က နှစ်သိမ့်ပေးလိုက်သည်။
'Inကို မထားခဲ့ပါနဲ့... ဟင့်... ကျွန်တော်တို့ အတူတူနေရဦးမယ်လေ P'Korn'
ထိုကောင်လေးက သူ့ရဲ့ချစ်သူကို တင်းကြပ်စွာဖက်ရင်း ပြောလိုက်သည်။
နှစ်ဖက်မိဘတွေ တားမြစ်ထားတဲ့ သူတို့အချစ်...
အဲ့အချစ်အတွက် သူတို့နှစ်ယောက် သူတို့မိဘတွေကို ဆန့်ကျင်ပြီး တိုက်ခိုက်ခဲ့ကြတာ... သို့သော် သူတို့နှစ်ယောက်ကို မိဘတွေက ခွဲထားတဲ့အထိ အခြေအနေက ဆိုးရွားသွားခဲ့သည်။ ဒါပေမယ့် သူတို့ ထွက်ပြေးခဲ့ကြတယ်။
Korn သူရှေ့မှာရှိနေတဲ့ ကောင်လေးရဲ့ပါးပြင်ပေါ်က ဒဏ်ရာတွေကို လက်နဲ့ဖွဖွလေး ပွတ်လိုက်သည်။
အဲ့ဒါက သူ့ရဲ့နှလုံးသားကို နာကျင်စေပါသည်။ ဘာလို့လဲဆိုတော့ သူ့ရင်ခွင်ထဲမှာရှိနေတဲ့ အမြဲတမ်းပျော်ရွင်တက်တဲ့ကောင်လေးက သူ အရိုက်မခံရမချင်း သူ့မိဘတွေနဲ့ အချေအတင်ဖြစ်ခဲ့တာကို...
'P'တောင်းပန်ပါတယ်... In'
သူ ကောင်လေးရဲ့နား နားကပ်က တိုးတိုးလေးပြောလိုက်ပြီး နှဖူးလေးကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ တင်းကြပ်စွာ နမ်းလိုက်မိသည်။
'P'... Inကိုချစ်တယ်... အဲ့ဒါကိုဘဲ မှတ်ထားပေးနော်... P'... Inကို အရမ်းချစ်တယ်'
'P'... အဲ့လိုမပြောပါနဲ့... Inကို ဘယ်တော့မှ ထားမသွားပါနဲ့...'
မျက်နှာမှာ မျက်ရည်တွေအပြည့်ဖြစ်နေတဲ့ ကောင်လေးက သူ့ချစ်သူကို တင်းကြပ်စွာဖက်လိုက်ရင်း...
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot