အပိုင်း ၁
ဒိုင်း !
ဘုန်း !!!!
အား !!!!
'ချီးထုတ်လိုဘဲ...'
ကောင်လေးတစ်ယောက် စောင်တွေနဲ့ လုံးထွေးပြီး ကုတင်ပေါ်ကနေ လိမ့်ကျသွားသည်။ သူက နာသွားသောဖင်ကို အသာလေးပွတ်လိုက်၊ ကျိန်ဆဲလိုက်ဖြင့် အလုပ်ရှုပ်နေသည်။
‘ငါ အိပ်ယာပေါ်ကနေ ပြုတ်ကျသွားတာလား’
သူ အိပ်ယာပေါ်က ပြုတ်ကျရတဲ့အကြောင်းအရင်းက သူ့တိုက်ခန်းဘေးက အခန်းက တံခါးကို စောင့်ပိတ်လိုက်တာကြောင့်ပင်...
သူ့နာမည်က Pham... အခုမှ စီးပွားရေးမေဂျာ ပထမနှစ်စတက်မှာ... အသက် ၁၈နှစ်ဘဲရှိသေးတဲ့ ကောင်လေးတစ်ယောက်ပေါ့... သူက အကြောဆန့်လိုက်ပြီး ကြမ်းပြင်ပေါ် ထပ်လှဲလိုက်ကာ သူ့ရင်ဘတ်ပေါ် လက်ကို တင်လိုက်သည်။ သူ နှလုံးခုန် အရမ်းမြန်နေသည်။ သူ ငယ်ငယ်ကတည်းက အခုထိ ကျယ်လောင်တဲ့အသံကြီးတွေကို ကြောက်သည်။ မိုးခြိမ်းသံဘဲဖြစ်ဖြစ် ဗြောက်အိုးသံဘဲဖြစ်ဖြစ် ဘယ်ကထွက်လာတဲ့အသံဘဲဖြစ်ဖြစ် ကျယ်လောင်တဲ့အသံကို သူကြောက်သည်။ သူ အဲ့ဒီ တစ်စုံတစ်ခုကို သာမာန်ထက်ကျော်လွန်ပြီး ကြောက်ရွံတက်တဲ့ စိတ်ရောဂါရှိနေတာကို အမြဲတမ်း ရှက်ရသည်။ ပထမကတော့ သူငယ်ချင်းတွေက အဲ့ရောဂါကို လှောင်ကြပေမယ့် သူ ကြောက်လန့်ပြီး ဖြူစုတ်သွားတာကို မြင်တော့ အကုန်လုံး သူ့ကို စိတ်ပူလာပြီးတော့ ကူညီပေးတက်ကြသည်။
စိတ်ငြိမ်အောင် ခဏနေပြီးနောက်မှာ သူ နာရီကို ကြည့်လိုက်သည်။ အခုမှ မနက်၆နာရီဘဲ ရှိသေးတယ်။ ပြီးတော့ သူက မီးဖိုချောင်ထဲ သွားလိုက်ပြီးတော့ ရေခဲသေတ္တာကို ဖွင့်ကာ သောက်စရာတစ်ခုခုကို ယူပြီး သောက်လိုက်သည်။
Phamတစ်ယောက်တည်းနေတာ ဒါပထမဆုံးဘဲ... အဖေဖြစ်သူက သူ အသက်၁၀နှစ်ကတည်းက ဆုံးသွားသည်။ အမေရိကမှာနေနေတဲ့ အမေနဲ့ ညီလေးဖြစ်သူတို့ကို သူထားခဲ့ပြီး ထိုင်းက တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်လျောက်ခဲ့တာ... အစကတော့ သူ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဇဝေဇဝါဖြစ်နေသော်လည်း အမေ့ရဲ့ဆွေမျိုးတစ်ယောက်ပိုင်တဲ့တိုက်ခန်းမှာ နေဖို့ကို အမေက ခွင့်ပြုပေးခဲ့တာကြောင့် အဆင်ပြေသွားခဲ့သည်။ နာရီလက်တံအတိုလေးက ၇ကို ပြလိုက်တဲ့အချိန်မှာတော့ ဖြူဖျော့ကာ အားနည်းနေသည့်ပုံပေါက်သော သူ့ရဲ့ခန္ဓာကိုယ်လေးက တုန်လှုပ်သွားပြီး ရေချိုးခန်းထဲကို အလောတကြီးဝင်ကာ ရေချိုးလိုက်ပြီးတော့ ကျောင်းယူနီဖောင်းအသစ်ကို ဝတ်ဆင်လိုက်သည်။
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot