အပိုင်း ၁၇
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က မြက်ခင်းပြင်ပေါ်မှာ အကျောဆန့်နေသည်။ ထိုသူက သူ့ရဲ့လက်ကို သူခေါင်းအုံးထားပြီး တိမ်တွေမရှိတဲ့ ကောင်းကင်ပြာကြီးကို ကြည့်နေသည်။ ထူထဲလှတဲ့မျက်ခုံးမွှေးတွေက ဘာခံစားချက်မှ မရှိပါဘဲနှင့် မျက်မှောင်ကြုတ်ထားသလို ဖြစ်နေသည်။
'မျက်နှာက အရေပြားတွေ တွန့်ကုန်တော့မှာဘဲ...'
ထိုညည်းတွားနေတဲ့အသံလေးနှင့်အတူ ကြုတ်ထားတဲ့မျက်ခုံးနှစ်ခုကို သေးငယ်တဲ့လက်ကလေးတစ်ဖက်က ပွတ်သပ်နေတာကြောင့် နာလာသလို ခံစားလာရသည်။
'P'Korn ဘာတွေ စဉ်းစားနေတာလဲ'
ကောင်ငယ်လေးက ဒူးထောက်ထိုင်ချလိုက်ပြီး မြက်ခင်းပြင်ပေါ်က ကောင်လေးရဲ့နဖူးပေါ်က ဆံပင်လေးတွေကို ညင်ညင်သာသာလေးဖယ်ရှားပေးနေရင်း ထိုကောင်လေးရဲ့စိတ်ညစ်နေတာတွေကို ပျောက်သွားအောင် လုပ်ပေးနေသည်။
'အများကြီးဘဲ...'
Kornက ပြန်ဖြေလိုက်ပြီးတော့ မျက်လုံးတွေကို မှိတ်ပစ်လိုက်သည်။ သူ့အဖေနှင့် ပတ်သတ်ပြီး စိတ်ပူနေရတဲ့အကြောင်းအရာတွေက သူ့ရဲ့ဦးနှောက်ထဲမှာ အပြည့်ပင်။
နဖူးပေါ်ကျရောက်နေတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် Korn စိတ်တွေ လျှော့သွားပြီးတော့ အိပ်ပျော်လုနီးပါးဖြစ်လာသည်။ ဒါပေမယ့် သူ့ရဲ့နူတ်ခမ်းပေါ်သို့ တစ်ခုခုက ထိတွေ့လာတာကြောင့် သူ့မျက်လုံးတွေကို ဖွင့်လိုက်ရသည်။
တကယ်ကို လျှပ်တစ်ပြက်လေးပါ... ဒါပေမယ့် မီးလိုမျိုး ပူပြင်းသည်။
Inက ချက်ချင်းဆိုသလို ခါးကိုမတ်လိုက်ပြီး ရယ်လိုက်မိသည်။ Inမျက်နှာက နီရဲနေတာကြောင့် ရှက်နေတယ်ဆိုတာ သိသာစေသည်။
'ပထမဆုံးအနမ်းကို ခိုးလိုက်တာ...'
Kornက ရယ်လိုက်ပြီးတော့...
'ဒါက အစ်ကို့ရဲ့ပထမဆုံးအနမ်း မဟုတ်ဘူးလေ...'
'ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်အတွက် ပထမဆုံးအနမ်းဘဲ မဟုတ်ဘူးလား'
YOU ARE READING
The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)
RomanceThis is the Novel by LazySheep. The Original Author give me a permission to translate Thai to Mm. I'm aslo translating my own, and I'm not using any other translation. 🚫 use for commercial 🚫 re-post 🚫 copy 🚫 screenshot