တစ်နေ့လုံး အတူတူအချိန်ကုန်ဆုံးခြင်း ဒါမှမဟုတ် ဒိတ်

55 6 0
                                    

အပိုင်း ၁၀

ဘန်ကောက်မြို့ရဲ့ အလယ်ဗဟိုနေရာရဲ့ အဆောက်အအုံအသေးလေးတစ်ခု…

မနက်ခင်းလေးက အစပျိုးလာခဲ့ပြီး လေအေးပေးစက်ကတော့ ဆူညံခြင်းမရှိဘဲ လည်ပတ်နေသည်။ ထိုအအေးဓာတ်နဲ့အတူ ကုတင်ပေါ်က ကောင်လေးက စောင်နဲ့လုံးထွေးနေသည်။ နေရောင်ခြည်လေးက ပြတင်းပေါက်လိုက်ကာကို ဖြတ်သန်းလာကာ ထိုအခန်းပိုင်ရှင်ကောင်လေးပေါ် ကျရောက်ကာ ကျီစယ်နေသည်။ Phamကတော့ သူ့ရဲ့ခန္ဓာကိုယ်ကို စောင်ထဲသို့ နစ်မြုပ်စေလိုက်ပြီး နေရောင်ခြည်ကို ရှောင်လေသည်။

ဘမ်း!

ဘုန်း!

'ချီးလိုဘဲ'

သူ ကုတင်ပေါ်ကနေ သုံးလေးပေအကွာလောက်ထိ လိမ့်ကျသွားတာကြောင့် နာသွားတဲ့ သူ့ရဲ့ဖင်ကို အသာလေးပွတ်နေရင်း ဆဲလိုက်မိသည်။ သူ ထထိုင်လိုက်ပြီးတော့ ဘေးနားက အခန်းကို ဒေါသထွက်နေမိသည်။ အဲ့အခန်းက ရက်ပေါင်းအတော်ကြာတဲ့အထိ တိတ်ဆိတ်နေတာကြောင့် သူပျော်နေမိတုန်းဘဲ ရှိသေးသည်။ ဒီနေ့မှာတော့ တံခါးကို အကျယ်ကြီးမြည်အောင် စောင့်ပိတ်ပြန်သည်။

နာရီလက်တံတွေက ၆နာရီထိုးနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ ဒီနေ့အဖို့တော့ အရမ်းစောလွန်းနေသည်။ ဘာလို့လဲဆိုတော့ ဒီနေ့ အတန်းတွေမှ မရှိတာ…

'အိပ်ချင်တဲ့စိတ်နဲ့ နောက်ကျမှ အိပ်ယာထချင်တဲ့စိတ်က ငါ့ကို ဒေါသထွက်အောင် လုပ်တယ်'

သူ အိပ်ယာပေါ် တက်လိုက်ပြီးတော့ ပြန်အိပ်ဖို့လုပ်လိုက်သည်။ ဒါပေမယ့် ဒီနေ့မှာတော့ ဘေးအခန်းက အရမ်းကိုဆူညံလွန်းသည်။ သူ လူအများကြီး ပြောနေကြတဲ့ ဆူညံတဲ့အသံတွေကို ကြားနေရသည်။ Pham အားတင်းကာ မတ်တပ်ထရပ်ပြီးတော့ ခေါင်းအုံးကို နံရံသို့ ပစ်ပေါက်လိုက်သည်။ Phamက ခြေဖုံးလက်ဖုံးဖြစ်နေတဲ့ ညဝတ်အကျီအပြာရောင်ကို ဝတ်ဆင်ထားကာ လမ်းလျောက်နေတောင် ခန္ဓာကိုယ်က အိပ်ချင်နေတာကြောင့် ယိုင်ထိုးနေသည်။ သူ ဘေးအခန်းရဲ့တံခါးဝအထိ သွားလိုက်ပြီးတော့ တံခါးမှာ စာတစ်စောင် ရေးခဲ့လိုက်သည်။

'ကျေးဇူးပြုပြီးတော့ မဆူညံပါနဲ့… အခန်းနံပါတ် 802မှ'

The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)Where stories live. Discover now