မင်းနဲ့အတူတူ လက်တွဲမဖြုတ်ဘဲ...

727 29 0
                                    

အပိုင်း ၂၃

စီးဆင်းနေတဲ့မြစ်ရေစီးသံတွေနှင့်အတူ တောအုပ်ကြီးရဲ့လန်းဆန်းတဲ့အငွေ့အသက်တွေကြောင့် မြို့ပေါ်မှာဘဲ နေခဲ့တဲ့ကောင်ငယ်လေးက နိူးလာခဲ့သည်။ ရာသီဥတုက တော်တော်အေးနေတာကြောင့် ခန္ဓာကိုယ်လေးကို ကွေးလိုက်ပြီး နွေးထွေးသွားအောင်လုပ်နိူင်မယ့် အရာတစ်ခုခုကို ရှာလို်က်မိတယ်။ ပြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်နေသေးတာကြောင့် ဘယ်အချိန်ရှိနေပြီလဲဆိုတာ Pham မခန့်မှန်းတက်… သူ သူ့ရဲ့မျက်လုံးလေးတွေကို ပွတ်သပ်ရင်း ခဏလောက်စဉ်းစားနေမိတဲ့အချိန်မှာ သူ့ကွန်ဒိုထဲ ရောက်နေတာမဟုတ်ဘဲ Kanchanaburiက ဝါးဖောင်ဟိုတယ်ပေါ်ရောက်နေမှန်း သတိရလိုက်သည်။

ခဏ… ဝါးဖောင်ဟိုတယ်…

ချီး!!!

ကောင်ငယ်လေးရဲ့မျက်လုံးတွေက အပြူးသားဖြစ်သွားတယ်။ သူ လှုပ်ဖို့လုပ်လိုက်ပေမယ့်လည်း သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ချစ်သူကောင်းလေးက တင်းကြပ်စွာ ပွေ့ဖက်ထားပြီးကျယ်ပြန့်လှတဲ့ရင်ခွင်ထဲသို့ ထည့်ထားတာကြောင့် နည်းနည်းလေးတောင် လှုပ်လို့မရ… P'Deanကတော့ အခုအချိန်ထိ အိပ်နေတုုန်း… Phamက အခုလိုမျိုးအနေအထားက အရမ်းကို သက်တောင့်သက်သာဖြစ်လွန်းတာကြောင့် ထတောင်မထချင်… Pham သူ့ကိုယ်သူ စမ်းကြည့်လိုက်တဲ့အခါမှာ အကျီဝတ်ထားမှန်း သိလိုက်ရသည်။ ဒါပေမယ့် မနေ့ကဖြစ်ခဲ့တဲ့အဖြစ်ပျက်တွေက အိမ်မက်မဟုတ်ဘူးဆိုတာ သေချာတာကြောင့် သူ့ရဲ့မျက်ခုံးတွေကို ကြုတ်ပစ်လိုက်သည်။ အဲ့ဒါအပြင် အရေးအကြီးဆုံးအချက်က သူက အသေကောင်လို အိပ်နေခဲ့တာ… အဲ့ဒါဆို… သူ့ကို အဝတ်လဲပေးခဲ့တဲ့သူက P'Deanများလား။

အိုဝီ!

အခုမှ နားလည်သဘောပေါက်သွားတဲ့ကောင်လေးက မျက်နှာတွေ နီရဲလာပြီး အရမ်းရှက်လွန်းတာကြောင့် မြစ်ထဲခုန်ပြီး ပျောက်ကွယ်သွားချင်တဲ့အထိပင်… မနေ့ညက ပုံရိပ်တွေက သူ့ရဲ့ခေါင်းထဲမှာ မြင်ယောင်လာသည်။ လုံးဝထင်ရှားပြတ်သားစွာ ပြန်မြင်နေရတဲ့ပုံရိပ်တွေကြောင့် သူ ရူးချင်လာပြီ။

Phamက သူ့ရဲ့စိတ်လှုပ်ရှားမှုတွေကို မြိုသိပ်ကာ နှလုံးခုန်နှုန်းတွေ တည်ငြိမ်လာပြီး အပြည့်အဝအသိဝင်လာတဲ့အထိ ဒီအတိုင်း ငြိမ်ငြိမ်လေးနေလိုက်သည်။ ပြီးတဲ့အခါ နွေးထွေးတဲ့လက်မောင်းတွေကြားထဲကနေ သူ ဖြေးဖြေးချင်းလှုပ်ရှားလိုက်ကာ ဖုန်းကိုယူပြီး ကြည့်လိုက်တော့ ငါးနာရီထိုးနေပြီ။ သူတို့အားလုံး ခဏနေရင် ဟိုတယ်က စီစဉ်ပေးထားတဲ့ရွက်လှေတွေနဲ့အတူ နေထွက်တာကို သွားကြည့်ဖို့အတွက် ထရတော့မှာလေ…

The Red Thread: Until We Meet Again (မြန်မာဘာသာပြန်)Where stories live. Discover now